Categories: Celebrity News

အငယ်ဆုံးလေးပါ ပါလာမယ့် Naeun နဲ့ Gunhoo တို့ရဲ့ The Return Of Superman

ဇူလိုင်လ ၂၂ရက်နေ့မှာ KBS2 ရုပ်သံလိုင်းမှ ဘောလုံးသမား Park Joo Hoo နှင့် သူ့ရဲ့မိသားစုဟာ The return of superman အစီအစဉ်တွင် ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း ပရိတ်သတ်တွေကို အတည်ပြုခဲ့ပါတယ်။

Park မောင်နှမဆိုပြီး ပရိတ်သတ်တွေချစ်ကြတဲ့ Naeeun နှင့် Gunhoo လေးတို့ပြန်လာတော့မည်ဖြစ်တဲ့အတွက် သူတို့မောင်နှမနှစ်ယောက်စလုံးကို ချစ်ကြတဲ့ ပရိတ်သတ်ကြီးကတော့ ဝမ်းသာနေပါတယ်။

ယခုနှစ်ရဲ့ဇွန်လတုန်းက Park Joo Ho တို့မိသားစုဟာ The Return Of Superman အစီအစဉ်မှ ယာယီထွက်ခွာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တတိယမြောက်ကလေးလေးကို ဂရုတစိုက်မွေးဖွားနိုင်ဖို့အတွက် Switzerland မှာတစ်မိသားစုလုံး ပြောင်းရွေ့နေထိုင်ခဲ့ကြလို့ပါ။

အခုလို ၆လခန့်ကြာပြီးနောက်မှာတော့ ဖေဖေ Park Joo Ho, မောင်နှမနှစ်ယောက်ဖြစ်တဲ့ Naeeun နှင့် Gunhoo, အငယ်ဆုံးလေးဖြစ်တဲ့ Jinwoo ပါ The Return Of Superman အစီအစဉ်မှာ ပါဝင်မှာပါ။ သားအဖလေးယောက်စလုံးရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို မကြာခင်တွေ့ရတော့မှာပါ။

ဒါ့ကြောင့်မို့ ပရိတ်သတ်တွေကလည်း အငယ်ဆုံးလေးကို မြင်ဖူးချင်နေကြပါတယ်။ Naeeun နဲ့ Gunhoo လိုပဲချစ်စရာကောင်းနေမှာ အသေအချာပါပဲ။ The return Of superman အစီအစဉ်ဟာ ကလေးတွေနှင့် အဖေဖြစ်သူတွေရဲ့ moments တွေကိုအဓိကရိုက်ကူးရေးလုပ်တဲ့ အစီအစဉ်တစ်ခုပါ။

အထူးသဖြင့် ကလေးချစ်သူတွေ အတော်လေးကြိုက်တဲ့ program တစ်ခုလည်း ဖြစ်ပါတယ်။ Naeeun နှင့် Gunhoo တို့ကလည်း အဆိုပါအစီအစဉ်ရဲ့ အချစ်ခံကလေးလေးတွေဖြစ်ပါတယ်။ လွမ်းနေတဲ့လည်း ပရိတ်သတ်ကြီးလည်း သူတို့ကိုတွေ့ရတော့မှာမို့ ကျေနပ်နေလိမ့်မယ်လို့ထင်ပါတယ်။

Source: Allkpop
Written: Phoo Phoo

Share