Categories: Celebrity News

eSports ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်လာတဲ့ EXO ရဲ့ Sehun

EXO ရဲ့ အငယ်ဆုံးလေး Sehun ကတော့ ကိုရီးယားနိုင်ငံ eSports ကုမ္ပဏီတစ်ခုဖြစ်တဲ့ APESPORTS ရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်လာပါပီနော်။ APESPORTS ကုမ္ပဏီရဲ့ ဥက္ကဌ Kim Ok Jin ကတော့ “eSports ဟာ အားကစားရော အနုပညာပိုင်းဆိုင်ရာနဲ့ကော သက်ဆိုင်တဲ့ နယ်ပယ်ဖြစ်တာကြောင့် ကမ္ဘာကျော် EXO အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Sehun ခုလို ကျွန်တော်တို့ အဖွဲ့အစည်းထဲပါလာတာဟာ ကျွန်တော်တို့အတွက် အထောက်အကူတွေ အများကြီးဖြစ်စေမယ်လို့ ထင်မိပါတယ်။

ကျွန်တော်တို့ APESPORTS ကို ကမ္ဘာ့စျေးကွက်ကိုထိုးဖောက်နိုင်ဖို့အတွက် ကူညီပေးမယ့် Sehun ရဲ့ ပါဝင်လှုပ်ရှားမှုကိုလည်း စောင့်ကြည့် ကြည့်ရှုပေးကြပါ။ ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

APESPORTS ကတော့ League of Legends, PUBG, Teamfight Tactics, Valorant စတဲ့ eSports တွေမှာ active ဖြစ်နေတဲ့ SeolHaeOne Prince အဖွဲ့ရဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

SeolHaeOne Prince ဟာ ၂၀၂၁ League of Legends Champions Korea ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ALESPORTS ကတော့ နယ်ပယ်ပေါင်းစုံက ကုမ္ပဏီအသီးသီးနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ Businessman ကြီးဖြစ်လာပြီဖြစ်တဲ့ Sehun အတွက် တကယ့်ကို ဂုဏ်ယူပါတယ်နော်။

Source: Soompi
Written:Gyi Gyi

Share