Categories: Celebrity News

Dazed Korea မဂ္ဂဇင်းမှာ မျက်နှာဖုံးမော်ဒယ်လ်အဖြစ် ပါဝင်ခဲ့တဲ့ Li Xian

တရုတ်မင်းသားချော Li Xian ကတော့ ၂၀၁၉ ခုနှစ်မှာ Go Go Squid ဇာတ်လမ်းတွဲနဲ့ တဟုန်ထိုးနာမည်ကျော်ကြား လူသိများခဲ့တာပါ။ Computer ပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Li Xian ကို လူအများသဘောကျ နှစ်ခြိုက်အားပေးခဲ့ကြတဲ့အတွက် Li Xian ရဲ့ Weibo follower အရေအတွက်ဟာ ၅ သန်းမှ သန်း ၂၀ ထိ ၄ ဆ တိုးပွါးလာခဲ့ပါတယ်။

Go Go Squid မှာတော့ Li Xian ဟာ မင်းသမီးချော Yang Zin နဲ့ တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲကို တောင်ကိုရီးယားနိုင်ငံမှာလည်း ပြသခဲ့ပါတယ်။ Li Xian ကိုတော့ ကိုရီးယားလူမျိုးတွေက Lee Hyeon လို့ သိကြပြီး လူငယ်ပရိသတ်ကော လူကြီး ပရိသတ်ရော တိုးပွါးခဲ့ပါတယ်။

ဒါ့ကြောင့်လည်း Dazed Korea မဂ္ဂဇင်း ဇူလိုင်လထုတ်မှာ ပါဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။ Dazed Korea ကတော့ Li Xian ကို အာရှရဲ့လှိုင်းသစ် အဖြစ်တင်စားထားခဲ့ပါတယ်။

Li Xian ဟာ ၂၀၁၉ မှာ မှတ်တိုင်တွေစိုက်ထူနိုင်ခဲ့သလို ၂၀၂၀ ကိုလည်း လွှမ်းမိုးနိုင်ဦးမယ်လို့ထင်မိပါတယ်။ Li Xian ရဲ့ ၂၀၂၀ မှာထွက်ရှိမယ့် ဇာတ်ကားတွေကတော့ The Enigma of Arrival, Red Fox Scholar, Schemes in Antiques နဲ့ Love Song 1980 တို့ပဲ ဖြစ်ပါတယ်။

 

Source: The Star
Written: Gyi Gyi

Share