Categories: Celebrity News

Ji Chang Wook ရဲ့ Backstreet Rookies ရိုက်ကွင်းကို Coffee Truck ပို့ပေးခဲ့တဲ့ EXO’s Chanyeol

Ji Chang Wook တစ်ယောက် သူ့ရဲ့ Backstreet Rookies ရုပ်ရှင်ရိုက်ကွင်းကို Coffee Truck ပို့ပေးခဲ့တဲ့ Chanyeol ကို Instagram Story လေးနဲ့ ကျေးဇူးတင်ကြောင်းတုံပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က Ji Chang Wook ရဲ့ Instagram မှာ Chanyeol ပို့တဲ့ ကော်ဖီကားလေးနဲ့အတူပုံတင်ခဲ့တာပါ။ Coffee Truck ပေါ်မှာ” Backstreet Rookie အတွက် ၊ အစ်ကို Yong Pal ရေ အဆုံးထိကောင်းကောင်းလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။

ချစ်တယ် မှ/ EXO’s Chanyeol” ဆိုပြီး သူ့အစ်ကိုအတွက် ချစ်စရာဆုတောင်းလေးတစ်ခုလည်း ပါပါတယ်။

Ji Chang Wook က လတ်တလော Kim Yoo Jung နဲ့အတူ Ongoing drama တစ်ခုဖြစ်တဲ့ Backstreet rookie ရိုက်ကူးထုတ်လွှင့်နေပြီး Chanyeol ကတော့ Sehun နဲ့အတူ EXO-SC ရဲ့ 1 Billion Views အတွက်အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေပါတယ်။

ပရိတ်သတ်တွေကလည်း ဒီညီအစ်ကိုနှစ်ယောက်ဘယ်တုန်းက သိသွားကြပါလိမ့်ဆိုပြီး အံ့ဩနေကြပေ့မယ် မနှစ်ကလည်း Ji Chang Wook ရဲ့ Melting Me Softly အတွက်လည်း ကော်ဖီကားလေးပို့ပြီး အားပေးခဲ့ဖူးတာမို့ သူငယ်ချင်းဖြစ်တာတော့ ကြာပြီလို့ သုံးသပ်နေကြပါတယ်။

Source : Soompi
Written : Helra

Share