Categories: Celebrity News

Choi Woo Shik ပြောပြခဲ့တဲ့ V နဲ့ သူ့ရဲ့ကြားက ရယ်စရာအဖြစ်အပျက်တစ်ခု

BTS အဖွဲ့ဝင် V နဲ့ အကျော်အမော်မင်းသားတွေဖြစ်တဲ့ Park Seo Joon, Choi Woo Shik, Park Hyung Sik နဲ့ PeakBoy တို့ပါဝင်တဲ့ Wooga squad ရဲ့ ရင်းနှီးမှုကိုတော့ အထွေအထူးပြောပြစရာ မလိုတော့ပါဘူး။ ၂၀၁၆ တည်းက အချို့က Hwarang ဇာတ်လမ်းတွဲရိုက်ရင်း တွေ့ဆုံခဲ့ကြပြီး ဒီလို squad ကြီးဖြစ်သွားတာကြောင့် အမြဲတမ်းသွားအတူလာအတူပါပဲ။

ဖြစ်ပုံကတော့ မင်းသား Choi Woo Shik နဲ့ မင်းသမီး Jung Yumi တို့ရဲ့အစီအစဉ်သစ်ဖြစ်တဲ့ Summer Vacation ကို မင်းသား Park Seo Joon သွားလည်ခဲ့ရာက စတာပါ။ သူငယ်ချင်းနှစ်ယောက် ညစာစားရင်း စကားတွေပြောကြရင်း ထုံးစံအတိုင်း squad ကတခြားလူတွေကိုပါ သတိရလာရာက V ကို ဖုန်းခေါ်ဖြစ်ခဲ့ပါတယ်။

မင်းသားနှစ်ယောက်ဟာ V တင်မက V ရဲ့ မိဘတွေနဲ့ပါ ရင်းရင်းနှီးနှီးစကားပြောခဲ့ပြီး ဖုန်းချခါနီးမှာတော့ V က Choi Woo Shik ကို ‘အဲ့ kimchi ဘူးပြန်ယူလာခဲ့’ လို့ ပြောခဲ့တာကြောင့် ပရိတ်သတ်တွေက ဘာစကားဝှက်များ သုံးပြန်ပြီလဲဆိုပြီး သိချင်စိတ်ဖြစ်ခဲ့ရပေမယ့် အဖြစ်မှန်ကိုသိရတဲ့အခါ အားလုံးပွဲကျခဲ့ရပါတယ်။

‘Taehyung က သူ့အမေသူ့ကို sandwich ထုပ်ပေးလိုက်တိုင်း ကျွန်တော့်ဖို့လဲ အမြဲပါတယ်။ တစ်ခါကျတော့ ဘူးလေးနဲ့ကျွန်တော့်ကိုပေးတော့ ကျွန်တော်လဲဘူးပါပေးတယ်ထင်လို့ ယူထားလိုက်ပြီး kimchi ထည့်ထားတာကို အဲ့ဘူးအတင်းပြန်တောင်းနေတာ’ လို့ မင်းသား Choi Woo Shik က V ရဲ့ ကပ်သီးကပ်ဖဲ့နိုင်ပုံကို ပြောပြခဲ့တာပါ။

နာမည်ကျော်ပြီး ကြောက်ခမန်းလိလိ ဝင်ငွေကောင်းတဲ့ သူတွေဆိုတော့ သူတို့ friendship ကသာမာန်လူတွေနဲ့ မတူလောက်ဘူးလို့ ပရိတ်သတ်တွေက ထင်ကြပေမယ့် ဘူးလေးတစ်ဘူးနဲ့ တွက်ကပ်နေကြပုံထောက်ရင်တော့ ဘယ်လောက်ဝင်ငွေကောင်းတဲ့ နာမည်ကျော်တွေပဲ ဖြစ်ဖြစ် သူငယ်ချင်းက သူငယ်ချင်းပဲဆိုတာ ဒီဖြစ်ရပ်က သက်သေပါပဲနော်။

Source : Koreaboo
Written : Dar Dar

Share