Categories: Celebrity News

ကွာရှင်းပြီးနောက်ပိုင်းမှာ ကြံကြံခိုင်ခိုင် ရပ်တည်နိုင်ခဲ့တဲ့ Song Hye Kyo (သို့) သံမဏိပန်းတစ်ပွင့်

ကွာရှင်းတယ်ဆိုတာဟာ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် အိမ်မက်ဆိုး တစ်ခုပါ။ ဘယ်သူမှ ဒီလိုအိမ်မက်ဆိုးမျိုး မမက်ချင်ခဲ့ပါဘူး။ မလွှဲသာတဲ့ အခြေအနေတစ်ခုမှာ အခုလို အဖြစ်မျိုးရင်ဆိုင် လိုက်ရပြီဆိုရင်လည်း ပြန်လည်နလံထူဖို့ အချိန်တော့ ယူရစမြဲပါပဲ။

Song Joong Ki ဖက်မှစပြီး ကွာရှင်းမယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်လိုက်ချိန်က လူမှုကွန်ရက်ကြားမှာ အတော်လေးဂယက်ရိုက်ခဲ့ရပါတယ်။ ဒီဒဏ်တွေကိုလည်း Song Joong Ki သာမက Song Hye Kyo လည်းခံစားခဲ့ရမှာ အသေအချာပါပဲ။

ပရိတ်သတ်တွေ တစ်ယောက်နှင့်တစ်ယောက်လည်း အမြင်မတူတဲ့ အတွက်သူတို့နှစ်ဦးအပေါ် အားပေးပုံချင်လည်း မတူခဲ့ပါဘူး။ အချို့ကလည်း Song Joong Ki ဘက်မှရှိနေခဲ့သလို အချို့ကတော့ Song Hye Kyo အတွက် ဝမ်းနည်းပေးကြပါတယ်။

ပရိတ်သတ်အများစုကတော့ Song Hye Kyo ကိုအားတင်းထားဖို့၊ ရှေ့ဆက်လျောက်ဖို့ အားပေးပြောဆိုခဲ့ကြပါတယ်။ ဒီအတိုင်းလည်း Song Hye Kyo တစ်ယောက် သူမရဲ့ဘဝကိုရှေ့ဆက်နိုင်ခဲ့ပါတယ်။

ကွာရှင်းတယ်ဆိုပြီး သတင်းထွက်ပြီး မကြာခင်မှာပဲ Song Hye Kyo ဟာလူထုရှေ့မှာ မျက်နှာထွက်ပြခဲ့ပါတယ်။ China မှာပြုလုပ်ခဲ့တဲ့ Chaumet Jewelry brand အတွက် ပွဲတက်ပေးခဲ့ပါတယ်။

ဒီလိုကွာရှင်းပြီးပြီးချင်း ပွဲထွက်ခဲ့တာနှင့် ပက်သက်ပြီး လူတွေရဲ့ချီးကျူးသံတွေ ရှိခဲ့သလို၊ ဝေဖန်သံတွေလည်း ရှိခဲ့ပါတယ်။ အချို့ကတော့ “တဖက်ကတစ်ယောက်အနေနဲ့ လူထုရှေ့ထွက်မလာချိန်မှာ Song Hye Kyo အနေနှင့်လည်း ထွက်မလာသေးသင့်ကြောင်း”၊ “ကွာရှင်းတာဟာ ပြသနာတစ်ခုတော့ မဟုတ်ပင်မဲ့ အခုလိုလှလှပပပြင်ဆင်ပြီး ပြုံးနေဖို့အထိတော့ အရမ်းစောလွန်းသေးတယ် ” စသည့်ဖြင့် အမျိုးမျိုးဝေဖန်သံတွေရှိခဲ့ပါတယ်။

အများစုကလည်း ” Song Hye Kyo ဟာမင်းသမီးတစ်ယောက် အနေနှင့် အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်။ ဘယ်လောက်ပဲ လှုမှုရေးပြသနာတွေ ရှုပ်ထွေးနေပါစေ၊ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားနိုင်တယ်ဆိုတာ တကယ့်ကို ကြံ့ခိုင်အမျိုးသမီးတစ်ဦးရဲ့ လုပ်ရပ်ပါ။”စသည့်ဖြင့် Song Hye Kyo ရဲ့ခံယူချက်အပေါ် အားပေးမှုတွေလည်း ရှိခဲ့ပါတယ်။

အလုပ်တွေလုပ်ပြီး နာကျင်မှုတွေကို ခဏတာမေ့ဖျောက်ခဲ့ပုံလည်း ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွာရှင်းပြီးနောက်ပိုင်းမှာ Song Hye Kyo က ” I will never stop loving him but I don’t have a choice ” ဆိုပြီး ဖြေကြားခဲ့ဖူးပါတယ်။

သူမရဲ့နာကျင်နေခဲ့ရတဲ့ နှလုံးသားကို အလုပ်နှင့်ကုစားလိုက်ပုံပါပဲ။ Song Hye Kyo အနေနှင့်လည်း မင်းသမီးတစ်ယောက်အနေနှင့်ရော၊ အမျိုးသမီးတစ်ဦးအနေနှင့်ပါ အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်။

တဖက်မှာလည်း Song Joong Ki လည်းအချိန်အတော်လေးကြာတဲ့အထိ ပရိတ်သတ်ရှေ့က ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့နာကျင်မှုတွေကို ကုစားနေပုံရပါတယ်။ အခုတော့လည်း နှစ်ဦးစလုံး သူ့ကိုယ်ပိုင်ဘဝနှင့်သူ အဆင်ပြေသွားပြီလို့ ထင်ပါတယ်။ နှစ်ယောက်စလုံးလည်း အနာဂတ်မှာ ဒီထက်ကောင်းမွန်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Femalenetwork
Written: Phoo Phoo

Share