Categories: Celebrity News

အကြမ်းစား အနမ်းခန်းတွေနဲ့ အလန်းဇားလေးတွေ ပါဝင်ခဲ့တဲ့ Korea ဇာတ်လမ်းတွဲများ

ကိုရီးယားဇာတ်လမ်းတွဲတွေကို ပရိတ်သတ်တွေကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းထဲမှာ မင်းသား၊မင်းသမီးတွေရဲ့ Ro တဲ့အခန်းလေးတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ရင်းမျက်နှာလေးတွေ နီသွားတဲ့ထိကြုံဖူလား။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေကတော့ ပရိတ်သတ်တွေ ရင်ထဲကလိကလိ ဖြစ်သွားအောင် Ro ပြနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။

10.The Doctors (2016)


ကျောင်းသူနဲ့ ဆရာနဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ပြောလို့ရမယ်ထင်တယ်။ Yoo Hye Jung (Park Shin Hye) ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်က သူမရဲ့ဆရာဖြစ်ခဲ့တဲ့ Hong Ji Young (Kim Rae Won) နှင့် ဆေးရုံတစ်ခုထဲမှာ အလုပ်အတူတူလုပ်ရမယ့် ဆရာဝန်တွေ ဖြစ်လာပြီးနောက်ပိုင်းမှာတော့ သူတို့ရဲ့အချစ်ခရီးလမ်းစတင်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတွဲမှာ steamy Kiss, dramatic kiss စတဲ့ Kiss အခန်းလေးတွေ အတော်များများပါဝင်ခဲ့ပါတယ်။

9. The Bride of Habaek (2017)


The Bride of Habaek မှာတော့ Nam Joo Hyuk နှင့် Shin Se Kyung တို့ကအဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အတွဲက တော်တော်လေးလည်း လိုက်ဖက်ညီခဲ့ပြီး Hot ဖြစ်တဲ့ Kiss အခန်းလေးတွေလည်း ပါဝင်ခဲ့ပါတယ်။

8. Strong Woman Do Bong-Soon (2017)


မင်မင်နဲ့ ဘုံဘုံဆိုပြီး ပရိတ်သတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ အတွဲလေးဆိုလည်း ဟုတ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ချစ်စရာကောင်းလှတဲ့ Romantic အခန်းလေးတွေကြောင့်လည်း ပရိတ်သတ်တွေ သဘောကျခဲ့ရပါတယ်။ လူတိုင်းသဘောကျတဲ့ scene ကိုပြောပါဆိုရင်တော့ ကမ်းခြေကိုနောက်ခံထားပြီး နှစ်ယောက်သား Ro ကြတဲ့အခန်းလေးကို ရွေးရမယ်ထင်တယ်။

7.Another Miss Oh (2016)


ဒီဇာတ်ကားလေးကလည် ဒရမ်မာချိုးတဲ့ အခန်းလေးတွေပါသလို Romantic-comedy ဖြစ်တဲ့အပိုင်းလေးတွေလည်း ပါပါတယ်။ ဇာတ်ရှိန်အမြင့်တွေနှင့်အတူတူ ရင်ထဲကလိကလိဖြစ်အောင် ဆွဲခေါ်နိုင်ခဲ့တဲ့ scenes လေးတွေလည်း ပါဝင်ခဲ့ပါတယ်။

6.W (2016)


W ဇာတ်လမ်းတွဲကတော့ ဇာတ်လမ်းအားဖြင့် အနည်းငယ်ရှုပ်ထွေးခဲ့ပင်မဲ့ ကြည့်ဖို့တန်တဲ့ drama တစ်ခုပါ။ ပရိတ်သတ်တွေ အများကြီးသဘောကျရတဲ့ အကြောင်းအရင်းထဲမှာလည်း Lee Jong Suk နှင့် Han Hyo Joo တို့ရဲ့ chemistry ကောင်းမွန်မှုကြောင့်လည်း ပါမယ်ထင်တယ်။ အပြင်ကတကယ့်ချစ်သူတွေလိုမျိုး ပရိတ်သတ်တွေမြင်နိုင်အောင် နှစ်ယောက်စလုံးပုံဖော်နိုင်ခဲ့ပါတယ်။

5. It’s Okay, That’s Love (2014)


It’s Okay, That’s Love ဇာတ်လမ်းတွဲဟာ စိတ်ပိုင်းဆိုင်ရာကို အဓိကပုံဖော်ရိုက်ကူးထားတဲ့ drama တစ်ခုပါ။ Viewer restriction လည်းပါဝင်ခဲ့ပြီး စိတ်ကျန်းမားရေးအပိုင်းကိုလည်း ထဲထဲဝင်ဝင်ရိုက်ကူးပြသနိုင်ခဲ့ပါတယ်။ Jo In Sung နဲ့ Gong Hyo Jin တို့ရဲ့အပေးအယူညီစွာ သရုပ်ဆောင်နိုင်မှုကလည်း ပရိတ်သတ်တွေကို သဘောကျစေခဲ့ပါတယ်။

4. Fight For My Way (2017)


Park Seo Joon ကတော့အားလုံးကြိုက်ကျတဲ့ မင်းသားတစ်လတ်ပါ။ သူ့ရဲ့ဇာတ်လမ်းတွဲ၊ရုပ်ရှင်များဟာလည်း ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့တာချည်းပါပဲ။ Fight For My Way ဇာတ်လမ်းတွဲထဲမှာ Ko Dong Man ဆိုတဲ့ဇာတ်ရုပ်နှင့် သရုပ်ဆောင်ခဲ့ပါတယ်။ Ara နဲ့ Dong Man တို့ကြားက ချစ်စရာကောင်းတဲ့ ဆက်ဆံရေးလေးကတော့ ပရိတ်သတ်တွေ အမြဲတမ်းအမှတ်ရနေအောင် လုပ်နိုင်ခဲ့ပါတယ်။

3.My Secret Romance (2017)


My Secret Romance ကတော့ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ တော်တော်လေး Hot ဖြစ်တဲ့ကားပါ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ One Night-stand လိုပုံစံမျိုးနှင့်စခဲ့သော်လည်း နောက်ပိုင်းမှာတော့ မခွဲနိုင်မခွာနိုင်ဖြစ်ခဲ့ကြတဲ့အထိ ချစ်ခဲ့ကြပါတယ်။ Ro လွန်းတဲ့ဇာတ်ကားတွေကို ကြိုက်တတ်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေတဲ့ ဇာတ်ကားတစ်ခုပါ။

2.Her Private Life (2019)


Ro-com ရဲ့ဘုရင်မလို့တောင်တင်စားခံရတဲ့ မင်းသမီး Park Min Young မှခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ drama တစ်ခုပါ။ Ro ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွဲတွေထဲမှာမှ နာမည်ကြီးတဲ့ drama တစ်ခုဆိုလည်း ဟုတ်မယ်ထင်ပါတယ်။ အမျိုးသမီးတစ်ယောက်၏သူမရဲ့ Career Life အပေါ်လေးစားမှုနဲ့၊ ခံယူချက်တွေကိုလည်း အတုယူဖွယ်ကောင်းအောင်လည်း ပြနိုင်ခဲ့ပါတယ်။

1.What’s Wrong With Secretary Kim (2018)


အရိုတစ်လိုင်းကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့် နံပါတ် (၁) ဇာတ်လမ်းတွဲကို ပြပါဆိုလျှင်တော့ What’s Wrong With Secretary Kim ကိုညွှန်းရမှာပါပဲ။ Park Seo Joon နှင့် Park Min Young တို့ကို ပရိတ်သတ်တွေက On- screen မှာအကောင်းဆုံး Kisser အတွဲဆိုပြီး နာမည်ပြောင်တောင် ပေးခဲ့ဖူးပာတယ်။ CEO နှင့်အတွဲရေးမှူးလေးကြားက အချစ်ဇာတ်လမ်းကို မျက်နှာကြီးတွေဖြီးပြီး ကြည့်ရနိုင်မယ့် ဇာတ်ဝင်ခန်းတွေလည်း အများကြီးပါဝင်တာမို့ မကြည့်ရသေးသူများ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ ဇာတ်လမ်းတွဲတွေကိုတော့ Ro တာကြိုက်တဲ့ ပရိတ်သတ်တွေအတွက် ကွက်တိဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်ဇာတ်လမ်းတွဲတွေကို ကြည့်ပြီးသွားကြပြီလဲ။ မိမိရဲ့ထင်မြင်ချက်တွေကိုလည်း Comments မှာရေးပေးခဲ့ပါဦးနော်။

Source: Screenrant
Written: Phoo Phoo

Share