K-Drama ဆိုတာနဲ့အားလုံးပြေးမြင်မိကြတာကတော့ အရမ်းချိုမြိန်တဲ့ အချစ်ဇာတ်လမ်းတွေနဲ့ စောင်ကိုက်ပြီးကြည့်ရတဲ့ အနမ်းခန်း တွေပါပဲ။ အချစ်ဇာတ်လမ်းတွေရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ အနမ်းခန်း တွေဟာ melodrama တွေရဲ့ ပြယုဂ်လိုတောင်ဖြစ်နေပေမယ့် ဒီဇာတ်လမ်းတွဲတွေမှာတော့ လုံးဝထည့်သွင်းရိုက်ကူးထားခြင်းမရှိပါဘူး။
Mirror Of The Witch
ဘုရင်မျိုးရိုးကဆင်းသက်လာပေမယ့် မကောင်းတဲ့ကံကြမ္မာကြောင့် တောင်ကြားမှာစွန့်ပစ်ခံခဲ့ရတဲ့ မင်းသမီးလေးတစ်ပါးနဲ့ Heo Jun ဆိုတဲ့ ဂုဏ်ရှိန်မြင့်လူငယ်လေးကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ သူတို့ကြားကအချစ်ကိုပေါ်လွင်အောင် ရိုက်ပြခဲ့ပေမယ့် အဓိကမင်းသမီး Kim Sae Ron ဟာ ထိုအချိန်က အသက် ၁၆ နှစ်သာရှိသေးပြီး မင်းသား Yoon Shi Yoon ထက်လဲ ၁၄ နှစ်ငယ်တာကြောင့် အနမ်းခန်း ရိုက်ကူးဖို့မသင့်တော်လို့ ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။
Who Are You: School
School 2015 လို့လဲ ခေါ်ကြတဲ့ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီး Kim So Hyun မင်းသားတွေအနေနဲ့ Nam Joo Hyuk နဲ့ Yook Seung Jae တို့ပါဝင်ခဲ့ပြီး အထက်တန်းကျောင်းက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး အကြောင်းပါ။ အထက်တန်းကျောင်း အခြေတည်တဲ့ ဇာတ်လမ်းဖြစ်လို့လား မင်းသမီးကအသက်မပြည့်သေးတာကြောင့်လား မသေချာပေမယ့် ပါးကိုနမ်းတဲ့အခန်းသာပါဝင်ခဲ့ပြီး အနမ်းခန်း မပါခဲ့ပါဘူး။
Save Me
OCN ရဲ့ thriller အမျိုးအစား drama ဖြစ်တာကြောင့် အမှန်တရားကိုထုတ်ဖော်နေရ အဓိကဇာတ်ဆောင်ကို ကယ်ဆယ်နေရတာနဲ့ပဲ နမ်းဖို့အချိန်တောင်မရှိဘူးလို့ ဆိုရမလိုပါပဲ။ မင်းသမီး Seo Ye Ji ရဲ့အချစ်အတွက် မင်းသားနှစ်ယောက်ဖြစ်တဲ့ Taecyeon နဲ့ Woo Do Hwan ကြိုးစားကြပုံတွေကို မြင်ရပေမယ့် အဓိကဇာတ်အိမ်ကတော့ အစွန်းရောက်အယူအဆတွေနဲ့ မှိုင်းမိနေတဲ့မိသားစုကနေ ရုန်းထွက်ဖို့ကြိုးစားပုံသာဖြစ်လို့ အနမ်းခန်း မပါဝင်ခဲ့ပါဘူး။
Liar Game
မင်းသမီး Kim So Eun နဲ့ မင်းသားချောနှစ်လက်ဖြစ်တဲ့ Lee Sang Yoon, Shin Sung Rok တို့ပါဝင်ထားပြီး မင်းသမီးနဲ့မင်းသား Kim So Eun က တစ်ဖွဲ့တည်းသားအဖြစ်နဲ့ Shin Sung Rok ကို အနိုင်ယူဖို့ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ ။ ဇာတ်လမ်းလေးကဆန်းသစ်ပြီးဆွဲဆောင်မှုရှိတာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြပေမယ့် မင်းသမီးနဲ့မင်းသားကြားက ဆက်ဆံရေးဟာ အဆင့်မတက်ခဲ့တာကြောင့် အားမလိုအားမရဖြစ်ခဲ့ရပါတယ်။
Seven First Kisses
ဇာတ်လမ်းတွဲနာမည်ကသာ 7 First Kisses ဖြစ်ပေမယ့် အနမ်းခန်း နဲ့ပတ်သတ်လို့တော့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး။ ဘဝတစ်လျှောက်လုံး အချစ်ရေးနဲ့ပတ်သတ်ပြီး သေချာမဖြစ်ထွန်းခဲ့တဲ့ အပျိုကြီး Lee Cho Hee ဆီကို Ji Chang Wook, Lee Min Ho, Lee Joon Gi, Taecyeon, Lee Jong Suk, Park Hae Jin နဲ့ EXO’s Kai တို့က ရွေးချယ်စရာဆုလာဘ်တွေအဖြစ် ဝင်ရောက်လာပုံကို အားကျစရာရိုက်ပြထားပေမယ့် တစ်ရက်တာအချစ်ဇာတ်လမ်းတွေမှာ အနမ်းခန်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။
Missing 9
Entertainment ကုမ္ပဏီကြီးတစ်ခုက အကျော်အမော်တွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်တစ်စီး ပျက်ကျပျောက်ဆုံးသွားတာကို ဇာတ်အိမ်တည်ထားတာဖြစ်လို့ အသက်ရှင်ဖို့ လွတ်မြောက်ဖို့ကြိုးစားကြပုံတွေသာ ပါဝင်ပြီး လေးလအကြာမှာ တစ်ဦးတည်းသော ပြန်ပေါ်ထွက်လာခဲ့သူရဲ့ မှတ်ဉာဏ်ကိုပြန်ရအောင်လုပ်ပြီး ကျန်လူတွေကို ရှာဖွေပုံကို ရိုက်ပြထားတာကြောင့် အနမ်းခန်း မပါဝင်ခဲ့တာပါ။ ဇာတ်လမ်းအဆုံးမှာ Baek Jin Hee နဲ့ Jung Kyung Ho တို့ နမ်းမိမလိုဖြစ်ခဲ့ပေမယ့် မနမ်းဖြစ်ခဲ့ပါဘူး။
Chief Kim
လူမိုက်ဂိုဏ်းတွေအတွက် ငွေကြေးစီမံခန့်ခွဲပေးရာကနေ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကုမ္ပဏီကြီးတစ်ခုရဲ့ စာရင်းကိုင်ဌာနမှာ အကြီးအကဲအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ Nam Goongmin တစ်ယောက် စိတ်တွေ ပြောင်းလဲလာပြီး လာဘ်စားမှုနဲ့ မသမာမှုတွေကိုပါ တိုက်ဖျက်ကာ သူ့ဘဝကိုရော လုပ်ငန်းခွင်ကလူတွေရဲ့ဘဝကိုရော အဖတ်ဆယ်ဖို့ ကြိုးစားပုံကို မြင်ရမှာဖြစ်ပြီး ရိုမန့်စ်ဇာတ်ဝင်ခန်းမပါဝင်ခဲ့ပါဘူး။
Psychopath Diary
တစ်ဘဝလုံး ရိုးရိုးသားသားနေထိုင်လာရာက ကိုယ့်ကိုကိုယ် psychopath လို့ ယူဆမိဖို့အကြောင်းဖန်လာတဲ့အခါ..။ Comedy နဲ့ thriller ရသနှစ်မျိုးခံစားရမယ့် ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Yoon Shi Yoon နဲ့ မင်းသမီး Jung In Sun ဟာ အချစ်ဇာတ်လမ်းရှိမလားလို့ မျှော်လင့်ခဲ့ရပေမယ့် မိတ်ဆွေကောင်းတွေအဖြစ်သာ ဇာတ်သိမ်းခဲ့ရပါတယ်။
Misaeng
tvN ရဲ့အကောင်းဆုံးဒရမ်မာတွေထဲမှာ အပါအဝင်ဖြစ်ပြီး အချစ်ဇာတ်လမ်းထက် အများကြီးပိုတဲ့ အဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေတဲ့ drama တစ်ပုဒ်ပါ။ လူတွေရဲ့ရပ်တည်ချက်နဲ့ ဘဝဖြတ်သန်းပုံတွေ ပြိုလဲပြီးတဲ့အခါ ပြန်လည်ရပ်တည်ကြပုံတွေ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျတဲ့အခါ ရုန်းကန်ကြိုးစားရပုံတွေကို အသားပေးထားလို့ အနမ်းခန်း မပါဝင်ခဲ့ပါဘူး။
Source : jazminemedia
Written : Dar Dar