Categories: Celebrity News

tvN ရဲ့ Sports Variety Show အသစ်မှာ ပါဝင်သွားမယ့် Gary နဲ့ Kim Yo Han

Gary, Kim Yo Han နဲ့ Na Tae Joo တို့ကတော့ tvN မှ ရိုက်ကူး တင်ဆက်သွားမယ့် “Cash Back” လို့ အမည်ပေးထားတဲ့ Sports Variety Show တစ်ခုမှာ ပါဝင်သွားမယ်လို့သိရပါတယ်။


တင်ပြထားတဲ့ သတင်းတွေအရတော့ လတ်တလောမှာ တော့ အပိုင်းတစ်ပိုင်းမှာသာပါဝင်ရဖို့ သတ်မှတ်ထားတာဖြစ်ပေမယ့် အားကစား ပြိုင်ပွဲမှာ နိုင်မနိုင်ပေါ်မူတည်ပြီး နောက်ထပ် အပိုင်းသစ်မှာ ပါဝင်ဖို့ ဖြစ်မှာပါ။


ဒီ အစီအစဉ်က အားကစား အစီအစဉ်ဖြစ်တာနဲ့ အညီ 42,700 square feet ကျယ်ဝန်းတဲ့ ရိုက်ကွင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ နိုင်ငံအဆင့် အားကစားသမားများမှ အသင်းများကို ဦးဆောင်သွားမှာဖြစ်ပြီး အသင်း တစ်သင်းနဲ့ တစ်သင်း ယှဉ်ပြိုင်ရမှာပါ။

အနိုင်ရတဲ့အသင်းကိုတော့ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ “Cash Back” ကို ၂၀၂၀ ခုနှစ် ဧပြီလမှာ အစမ်းထုတ်လွှင့်ပြသခဲ့ပါတယ်။ အစမ်းထုတ်လွှင့်ပြသမှုကို လူအများ နှစ်ခြိုက်သဘောကျခဲ့တဲ့ အတွက်ကြောင့် ဒီလို ပုံမှန် ထုတ်လွှင့်ပြသနိုင်မယ့် အစီအစဉ် ဖြစ်လာတာပါ။


Running Man အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ Gary ကတော့ လက်တလော The Return of Superman မှာ ပါဝင်နေပါတယ်။ Kim Yo Han ကတော့ တိုက်ကွမ်ဒို အားကစားသမားဟောင်းဖြစ်ပြီး မကြာခင်မှာ WEi ဆိုတဲ့ အဖွဲ့ဝင်အဖြစ်နဲ့ Debut တော့မှာပါ။ Na Tae Joo ကလည်း တိုက်ကွမ်ဒို အားကစားသမားဖြစ်ပြီး အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Source: Soompi
Written: Gyi Gyi

Share