Categories: Celebrity News

BLACKPINK ရဲ့ ထွက်ရှိမယ့်သီချင်းသစ်မှာ ပါဝင်သွားဖို့ သေချာသလောက်ဖြစ်နေတဲ့ အဆိုတော်

Advertisements

Teaser photo ကိုသာလူမှုကွန်ယက်တွေမှာ တင်ပေးပြီးနောက် featuring ပါဝင်သွားမယ့် အဆိုတော်ကို ထုတ်မပြောပဲ ပရိတ်သတ်ကိုသိချင်စိတ်ဖြစ်စေခဲ့တဲ့ BLACKPINK ရဲ့ pre-release single မှာ ပါဝင်အားဖြည့်မယ့် အဆိုတော်ကိုတော့ koreaboo သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့ မနက်မှာ ဖော်ပြခဲ့တာပါ။

Mydaily သတင်းဌာနရဲ့ ထုတ်ဖော်ပြောကြားချက်အရတော့ ပရိတ်သတ်တွေခန့်မှန်းနေကြတဲ့ အဆိုတော်တွေမဟုတ်ပဲ ဒီတစ်ခါ featuring ပါဝင်မှာကတော့ Selena Gomez ပါတဲ့။

YG Entertainment ကတော့ ဒီသတင်းကို အတည်မပြုခဲ့သလို ငြင်းလဲမငြင်းဆိုခဲ့ပဲ တရားဝင်ထုတ်ပြန်ချက်ကိုသာ စောင့်ဆိုင်းကြဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာ အနောက်တိုင်းအဆိုတော် အကျော်အမော်တွေ အများအပြားနဲ့ သီချင်းကောင်းတွေများစွာ ပူးပေါင်းဖန်တီးခဲ့ပြီး ဒီတစ်ခေါက် Selena Gomez နဲ့ တွဲဖက်မှုကလဲ ကြောက်ခမန်းလိလိအောင်မြင်ဦးမှာပါ။

သီချင်းကတော့ ဩဂုတ်လမှာ ထွက်ရှိမှာဖြစ်ပြီး အဲ့ဒီနောက်မှာလဲ BLACKPINK ရဲ့ ပထမဆုံး full album ထွက်ရှိတော့မှာဖြစ်တဲ့အတွက် ၂၀၂၀ ကတော့ BLINK တွေအတွက် ကံကောင်းခြင်းနှစ်ပါပဲ။

Source: Koreaboo
Written: Dar Dar

Advertisements
Share