Categories: Celebrity News

Nam Joo Hyuk နဲ့ Suzy တို့ရဲ့ ဇာတ်လမ်းတွဲသစ်အကြောင်း အကြိုခံစားခြင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Nam Joo Hyuk နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ “Nation’s First Love” လို့ တင်စားတဲ့ Suzy တို့က ဇာတ်လမ်းတွဲသစ်တစ်ခုမှာ အတူတူတွဲဖက် သရုပပ်ဆောင်သွားမှာပါနော်။ ဒါကတော့ ၂၀၂၀ ခုနှစ်မှာ အမှန်တကယ်ကို စောင့်ကြည့် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ပုဒ်ပါ။ လူအများမျှော်လင့်စောင့်စားနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလို့ ပြောလို့ရပါတယ်။

ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ “Start-Up” ပဲ ဖြစ်ပါတယ်။ Start-Up ဆိုတဲ့အတိုင်း စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို တည်ထောင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးတွေအကြောင်း ရိုက်ကူးသွားမှာပါ။

ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ တကယ့်ကို လူအများနှစ်ခြိုက်တဲ့ လူငယ်သရုပ်ဆောင်တွေ ချည်းပါပဲ။ Nam Joo Hyuk နဲ့ Suzy ကတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်နော်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များ ကျော်ကြားတဲ့ သူတွေပါ။

တကယ့်ကို Visual Couple ပါပဲနော်။ နောက်ထပ်မင်းသားတစ်လက်ကတော့ Kim Seon Ho ပါ။ Rising Actor တစ်ယောက်ပေါ့။ Waikiki 2 က ပါးချိုင့်လေးနဲ့ ချာဝူရှစ်ဆိုရင် သိကြမယ်ထင်ပါတယ်။ လက်ရှိ 2 days 1 night အစီအစဉ်မှာလည်း Regular member အနေနဲ့ ပါဝင်နေပါသေးတယ်။

နောက်ထပ်မင်းသမီး တစ်လက်ကတော့ Kang Ha Na ပါ။ သူမကတော့ Moon Lovers မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ နောက်ထပ်ပါဝင်သွားမယ့်သူတွေကတော့ Stephanie Lee နဲ့ Kim Do Wan ပါ။ Model-turned Actress တစ်ယောက်ဖြစ်တဲ့ Stephanie Lee ကတော့ Yong Pal, The Last Empress စတဲ့ လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ဖူးပြီး Kim Do Won ကလည်း တက်သစ်စ မင်းသားတစ်လက်ပါ။

Cast တွေ အားလုံးရဲ့ Visual တွေကတော့ တကယ့်ကို ဖျားလောက်ပါတယ်။ Nam Joo Hyuk ကတော့ Nam Do San အနေနဲ့ သရုပ်ဆောင်သွားမှာပါ။ အသက် ၁၅ နှစ်အရွယ်ကတည်းက နိုင်ငံအဆင့် သင်္ချာပြိုင်ပွဲမှာ အနိုင်ရထားတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပေါ့။

Samsam Tech ဆိုတဲ့ နည်းပညာ Start-up လုပ်ငန်းတစ်ခုရဲ့ Founder ဖြစ်ပါတယ်။ သူ့ရဲ့ Start-Up လုပ်ငန်း ကျရှုံးမယ့် အခြေအနေမှာတော့ ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့တယ့် လူငယ်လေးပေါ့။ သို့သော်လည်း Han Ji Pyung ( Kim Seon Ho) ရဲ့ အကူအညီနဲ့ ယုံကြည်မှုတွေပြန်လည်ရရှိပြီး လုပ်ငန်းကို ပိုမိုတိုးတက်အောင်မြင်တဲ့အထိ ကြိုးစားပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Suzy ကတော့ Seo Dal Mi နေရာမှ ပါဝင်သရုပ်ဆောင်သွားမှာပါ။ Seo Dal Mi ကတော့ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ ကောင်မလေးတစ်ယောက််ပေါ့။ သို့သော်လည်း ဒီလို သူဌေးသမီးဘဝမှာ မနေချင်ပဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကာ အမှီအခိုကင်းမဲ့စွာနေချင်တဲ့ သူပါ။ ဒါ့ကြောင့် ကျောင်းမှထွက်ပြီး အချိန်ပိုင်းအလုပ်များလုပ်ကာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ပါ။

Nam Do San ( Nam Joo Hyuk) ရဲ့ ထက်မြက်ပုံတွေကြောင့် Do San ကိုကြိတ်သဘောကျနေရတဲ့ ကောင်မလေးပေါ့။ Start-Up ကို နောက်ထပ် ပိုမိုမျှော်လင့်မိတာက ဇာတ်လမ်းရဲ့ စာရေးဆရာနဲ့ ဒါရိုက်တာကြောင့်ပါ။

“While You Are Sleeping”, “Dream High”, “Pinocchio”, “I Hear Your Voice” စတဲ့ ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွဲတွေကို ရေးသားခဲ့တဲ့ စာရေးဆရာမက ရေးသားထားတာပါ။ ဒါရိုက်တာကလည်း တကယ့်ကို မခေပါဘူးနော်။ “While You Were Sleeping”, “You Who Came From The Stars”, “Hotel Del Luna” စတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ဒါရိုက်တာက ရိုက်ကူးသွားမှာပါ။ ဒါ့ကြောင့် တကယ်ကို ကောင်းမွန်မယ့် ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

“Start-Up” ဇာတ်လမ်းတွဲကို tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး အပိုင်း ၁၆ ပိုင်းပါဝင်မှာပါ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ စတင် ထုတ်လွှင့်ပြသသွားမယ်လို့ ကနဦးသတင်းများအရသိရပါတယ်။ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေမှာ ထုတ်လွှင့်ပြသသွားမှာပါ။

ဇာတ်လမ်းကလည်း လူငယ်တွေ ကြိုးစားကြပုံတွေကို အခြေခံထားတာဆိုတော့ လှုပ်ရှားရုန်ကန်နေရတဲ့ လူငယ်တွေအတွက် ကြည့်ရှုရင်း အားအင်ဖြစ်စေမယ့် ဇာတ်လမ်းတွဲတစ်ပုဒ်ပါပဲ။

ကောင်းမွန်တဲ့ ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာမ၊ ပြောင်မြောက်အောင် ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ၊ အကျော်အမော် လူငယ်သရုပ်ဆောင်များနဲ့ ဒီ “Start-Up” ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကို ရသပေါင်းစုံပေးနိုင်မယ့် ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာအုံးမယ်လို့ ယုံကြည်မိပါတယ်။

Ref: My Drama List
Written: Gyi Gyi

Share