ကိုရီးယားအနုပညာရပ်ဝန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေသာမက သီချင်း MV တွေကိုပါ အဆင့်အတန်းမှီမှီနဲ့ ငွေကုန်ကြေးကျခံ ရိုက်ကူးခဲ့ပါတယ်။ ဒီထိပ်တန်းသရုပ်ဆောင်တွေကတော့ နာမည်ကျော်တွေဖြစ်မလာခင်ရော ဖြစ်လာပြီးနောက်ပိုင်းမှာရော အကျော်အမော်အဆိုတော်တွေရဲ့ MV တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတွေပါ။
Choi Woo Shik
Parasite မင်းသားရယ်လို့ ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ပြီး The Divine Fury, Witch အစရှိတဲ့ ရုပ်ရှင်တွေနဲ့ လျှမ်းလျှမ်းတောက်သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ Choi Woo Shik ဟာ ၂၀၁၅ ခုနှစ်မှာ Day 6 ရဲ့ Congratulations ဆိုတဲ့သီချင်း MV မှာပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Park Min Young
Big Bang ရဲ့အအောင်မြင်ဆုံးသီချင်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ Haru Haru ရဲ့ MV လေးကို အားလုံး ထပ်ခါထပ်ခါကြည့်ဖူးကြမှာပါ။ ရင်နာစရာ အချစ်ဇာတ်လမ်းတွဲလေးလို ပုံဖော်ထားခဲ့တဲ့ MV ရဲ့ဇာတ်ဆောင်မင်းသမီးလေးကတော့ ပရိတ်သတ်အသဲစွဲရတဲ့ Park Min Young ပါ။
Seo Ye Ji
Let’s Not Fall In Love MV ထဲက မိန်းမလှလေးတွေ များစွာထဲမှာ G-Dragon ရဲ့တွဲဖက်ဖြစ်တဲ့ အရပ်မြင့်မြင့် မင်းသမီးချောလေးကိုတော့ ဘယ်သူမှန်းသိကြမှာပါနော်။ ဟုတ်ပါတယ် Save Me, Lawless Lawyer လိုစီးရီးတွေအပြင် လတ်တလော It’s Okay To Not Be Okay နဲ့ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားထားတဲ့ Seo Ye Ji ပါပဲ။
Kang Ha Neul
နာမည်ကျော်ဒရမ်မာပေါင်းများစွာ ရိုက်ကူးခဲ့ပြီး When The Camelia Blooms ဇာတ်လမ်းတွဲနဲ့ အကြီးအကျယ်အောင်မြင်ထားတဲ့ မင်းသား Kang Ha Neul ကတော့ ၂၀၁၇ ခုနှစ်မှာ Epik High ရဲ့ ‘Lost One’ MV မှာ ပါဝင်ထားပါတယ်။
Ji Chang Wook
Ji Chang Wook ကတော့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်လာဖို့ အစပျိုးနေချိန် ၂၀၁၁ ခုနှစ်တဲ့ ၂၀၁၂ ခုနှစ်မှာ နာမည်ကျော် T-ara အဖွဲ့ရဲ့ ‘Lovey Dovey’ နဲ့ ‘Cry Cry’ MV တွေမှာ ပါဝင်ခဲ့ဖူးသလို Kara အဖွဲ့ရဲ့ ‘Run Away’ MV မှာလဲ သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Lee Sung Kyung
YG Entertainment မှာ မော်ဒယ်အဖြစ်ရပ်တည်ခဲ့စဉ်က Winner အဖွဲ့ဝင် Yoon ရဲ့ ၂၀၁၃ ခုနှစ်ထွက် ‘Wild And Young’ ဆိုတဲ့ solo သီချင်း MV မှာ ပါဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာလဲ Simon D နဲ့ Zion.T ရဲ့ ‘Stay Cool’ MV မှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Lee Min Ho, Kim Woo Bin
The Heirs ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားနှစ်လက်ဖြစ်တဲ့ Lee Min Ho နဲ့ Kim Woo Bin ကတော့ 2NE1 အဖွဲ့ဝင် Dara ရဲ့ solo သီချင်းဖြစ်တဲ့ ‘Kiss’ ရဲ့ MV မှာ ပထမဆုံးစတင်တွေ့ဆုံခဲ့ကြတာပါ။
Park Seo Joon
အခုချိန်မှာ ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ မင်းသား Park Seo Joon ရဲ့ ပွဲဦးထွက်အနုပညာမှတ်တိုင်ကတော့ ၂၀၁၁ ခုနှစ်ထွက် Bang Young Guk နဲ့ Yang Yo Seob ရဲ့ ‘I Remember’ ဆိုတဲ့ သီချင်း MV မှာပါဝင်သရုပ်ဆောင်ခဲ့တာပါ။
Source : Candymag
Written : Dar Dar