Categories: Celebrity News

‘House On Wheels’ အစီအစဉ်မှာ ပါဝင်လာမယ့် Ha Jiwon

ဇာတ်လမ်းတွဲရုပ်ရှင်တွေ များစွာရိုက်ကူးခဲ့ပေမယ့် ရုပ်သံအစီအစဉ်တွေမှာ မြင်ရခဲလှတဲ့ Ha Jiwon ကို ဒီတစ်ခေါက်မှာတော့ tvN ရဲ့ ‘House On Wheels’ အစီအစဉ်မှာမြင်ရဖို့ သေချာနေပြီလို့သိရပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာ tvN က အတည်ပြုပြောကြားခဲ့တာပါ။

House On Wheels အစီအစဉ်ဟာ Sung Dong Il, Kim Hee Won နဲ့ Yeo Jin Goo တို့သုံးဦးဟာ နယ်လှည့်သွားလာနေတဲ့ ကားလေးပေါ်က အိမ်တစ်လုံးမှာ အတူနေထိုင်ကြပြီး သူတို့နဲ့ရင်းနှီးတဲ့ အနုပညာလောကက မိတ်ဆွေတွေကို ဖိတ်ခေါ်ကာ စကားတွေပြောကြ ဆွေးနွေးကြ အတွေ့အကြုံတွေ ဖလှယ်ကြတဲ့အစီအစဉ်ဖြစ်ပါတယ်။

Ha Ji Won ကတော့ Sung Dong Il, Kim Hee Won တို့နဲ့ ရုံတင်ပြသခြင်းမရှိသေးတဲ့ ရုပ်ရှင်တစ်ခုမှာ အတူပါဝင်သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာမို့ ပါဝင်တာဖြစ်ပါတယ်တဲ့။ စတင်တာမကြာသေးတဲ့ အစီအစဉ်ဖြစ်ပြီး ရှေ့အပိုင်းတွေမှာတော့ ဧည့်သည်တွေအဖြစ် Ra Mi Ran, Girls’ Day အဖွဲ့ ဝင် Hyeri, Gong Hyo Jin, Lee Sung Kyung နဲ့ IU တို့က ပါဝင်ထားပါတယ်။

ထုတ်လွှင့်မယ့်ရက်နဲ့ အသေးစိတ်ကိုတော့ tvN က ထုတ်ဖော်ပြောကြားခြင်းမရှိပဲ ရုပ်သံလွှင့်မှ စောင့်ကြည့်ဖို့ ပြောထားတာကြောင့် Ha Ji Won ရဲ့ပရိတ်သတ်တွေအတွက် သူ့ရဲ့အတွေးအမြင်လေးတွေနဲ့ အတွေ့အကြုံတွေကို ကြားသိရဖို့အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။

Source: Soompi
Written: Dar Dar

Share