Categories: Celebrity News

Running Man ကနေ သူဘယ်အချိန် ထွက်ခွာမလဲဆိုတာကို ပြောပြခဲ့တဲ့ Lee Kwang Soo

မကြာသေးမီက llgan Sports မှပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Lee Kwang Soo ဟာ Running Man အစီအစဉ်ဟာ သူ့ကိုဘယ်လောက်ထိအောင်မြင်အောင်လုပ်ပေးခဲ့ပြီး၊ သူ့ဘဝအတွက် ဘယ်လောက်ထိအရေးပါတဲ့ကဏ္ဍမှာ ပါဝင်ခဲ့ပုံကိုဖြေကြားခဲ့ပါတယ်။

Lee Kwang Soo ဟာဆိုရင် Running Man ရဲ့ပုံမှန်အဖွဲ့ဝင် ဖြစ်တာဟာအခုဆို ၁၀ နှစ်ပြည့်ခဲ့ပြီ။ ၂၀၁ဝခုနှစ် စစချင်းထုတ်လွှင့်စဉ်ကတည်းက Running Man အဖွဲ့သားများနှင့်အတူ အခုအချိန်ထိ လက်တွဲလာခဲ့တာပဲ ဖြစ်ပါတယ်။

Running Man မှတစ်ဆင့် တကမ္ဘာလုံးမှပရိတ်သတ်တွေရဲ့ အချစ်ကိုရရှိလာခဲ့ပြီး “အာရှရဲ့မင်းသား” ဆိုတဲ့ နာမည်ပြောင်လေးတောင် ပိုင်ဆိုင်ထားတာပါ။ ထိုအင်တာဗျူးမှာတော့ Lee Kwang Soo ကို MC ကလူအများသိချင်ကြတဲ့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။

အဲ့ဒါကတော့ ” Running Man အစီအစဉ်နှင့် ဘယ်အချိန်ထိ လက်တွဲမယ်လို့ စီစဉ်ထားပါသလဲ ” ဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Lee Kwang Soo ဟာ ” အစီအစဉ် မဖျက်သိမ်းသေးသရွေ့၊ ကျွန်တော်ဘက်ကပါဝင်သွားဖို့က လုံးဝကျိန်းသေပါပဲ” ဆိုပြီး ခိုင်ခိုင်မာမာ ဖြေဆိုလိုက်ပါတယ်။

ဒါ့အပြင် Lee Kwang Soo ကလည်း သူဟာ Running Man မှလွဲ၍ အခြားအစီအဉ်များမှာ ပုံမှန်အဖွဲ့ဝင်လုပ်ချင်တဲ့ စိတ်ကူးလည်းမရှိခဲ့ကြောင်း ပြောဆိုထားပါသေးတယ်။ ၂၀၁၈ခုနှစ်မှာ သူပုံမှန်အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့တဲ့ Busted အစီအစဉ်နှင့် ပက်သက်၍တော့ ” ကျွန်တော် Running Man ကအဆက်အသွယ်တွေကြောင့်ပဲ Busted အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တာပါ” ဆိုပြီးဖြေကြားသွားပါတယ်။

ဒါ့ကြောင့် Lee Kwang Soo တစ်ယောက် Running Man ကနေထွက်ခွာသွားမှာကို စိုးရိမ်နေတဲ့ပရိတ်သတ်ကြီး အနေနဲ့တော့ စိတ်အေးလို့ရပါပြီ။ ၁ဝခန့်ကြာအောင် အတူတူဖြတ်သန်းလာတဲ့အပြင် ထွက်ခွာဖို့လည်း စိတ်ကူးလုံးဝမရှိသေးတဲ့ အားလုံးရဲ့အချစ်တော် သစ်ကုလားအုပ်လေး Lee Kwang Soo ပါ။

ပရိတ်သတ်တွေကို အမြဲတမ်း အခွီတွေနဲ့ စိတ်အပန်းဖြေနိုင်အောင် လုပ်ပေးတဲ့ Lee Kwang Soo တစ်ယောက်ဒီထက်မကသော အောင်မြင်မှုတွေ ရပါစေလို့ Myanmar cele bar မှဆုတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share