Categories: Celebrity News

နောင်တချိန်မှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်လာမယ့် Thai TV3 ရဲ့ မင်းသမီးများ

ထိုင်းနိုင်ငံရဲ့ အနုပညာလောကဟာ အာရှတခွင်မှာတော့ များစွာလွမ်းမိုးထားနိုင်ပါတယ်။ ပရိတ်သတ်တွေချစ်တဲ့ အနုပညာရှင်တွေများစွာကို မွေးထုတ်ပေးနေတဲ့ နာမည်ကြီးထိုင်းရုပ်သံလွင့်ဌာနဖြစ်တဲ့ Thai TV3 က ယခုအခါမှာလည်း ထိပ်တန်းအနုပညာရှင်တွေဖြစ်လာနိုင်မယ့်မင်းသမီးများကို ဖော်ပြလိုက်ပါတယ်။

(၁) Bow Maylada

Bow Maylada ကတော့ သရုပ်ဆောင်ပါရမီကောင်းလှပြီး နာမည်ကြီးထိုင်းရုပ်သံလွင့်ဌာန Thai TV3 နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်နိုင်လှတာကြောင့် သူမရဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတွေဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိထားသူပါ။

မကြာခင်မှာ သူမက ထိုင်းနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်ဖြစ်တဲ့ Nedech Kugimiya နဲ့အတူ ရိုက်ကူးထားတဲ့ Mon Ruk Nong Pak Ka Yang ရုပ်သံဇာတ်လမ်းတွဲကို စတင်ပြသတော့မှာပါ။

(၂) Nychaa Nuttanicha

သရုပ်ဆောင်ပိုင်နိုင်လှတဲ့ Nychaa Nuttanicha ကတော့ ၂၀၁၉ မှာ Plerng Prang Tian ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီ Plerng Prang Tian ရုပ်သံဇာတ်လမ်းတွဲထဲက သူမရိုက်ကူးခဲ့တဲ့ ကာရိုက်တာဟာ အရမ်းကိုခက်ခဲတာကြောင့် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် သရုပ်ဆောင်ပါရမီကောင်းလှပြီး အရမ်းကြိုးစားတာကြောင့် Nychaa Nuttanicha တစ်ရောက်ကို ပရိတ်သတ်တွေ ချီကျူးခဲ့ကြပါတယ်။

(၃) Kao Supassara

နောက်ဆုံးတစ်ယောက်ကတော့ မင်းသမီးချောလေး Kao Supassara ပဲဖြစ်ပါတယ်။ သူမဟာ နာမည်ကြီးထိုင်းထိပ်တန်းအနုပညာရှင်ဖြစ်တဲ့ Great Warintorn နဲ့အတူ Suam လို့ခေါ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမကို Thai TV3 ရဲ့ နောက်တက်မယ့် မင်းသမီးချောတစ်လက်အဖြစ် ပရိတ်သတ်များက သတ်မှတ်ထားကြပါတယ်။

သူမရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Suam ကို ထုတ်လွင့်နေတဲ့ကာလတစ်လျှောက်မှာလည်း ပရိတ်သတ်တွေဆီက ချီကျူးမှုတွေကို တစ်ပိုက်ကြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Source: ThaiUpdate
Written: S.Kaung

Share