Categories: Celebrity News

သြဂုတ်လရဲ့ အစီအစဉ်တင်ဆက်ဆက်သူများအတွက် Brand Reputation အဆင့်များ

Korean Business Research Institute မှထုတ်ပြန်ချက်အရ သြဂုတ်လအတွက် အစီအစဉ်တက်ဆက်သူများ၏ Brand Reputation အဆင့်တွေကို ထုတ်ပြန်လိုက်ပါပြီ။ အဆိုပါအဆင့်များကိုတော့ ပရိတ်သတ်တွေရဲ့ပါဝင်မှု၊ မီဒီယာများမှာ ဖော်ပြခံရမှု၊ လူထုရဲ့စိတ်ဝင်စားမှုတွေပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဇူလိုင် ၁ရက်နေ့မှ သြဂုတ်လ ၁ရက်နေ့အထိ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ၅၀ ကျော်ရဲ့အချက်အလက် တွေကိုစီစစ်ပြီးမှ ယခုလိုအဆင့်တွေ ခွဲခြားသတ်မှတ်နိုင်ခဲ့တာပါ။

ထုံစံအတိုင်း Yoo Jae Suk ကတော့ နံပါတ် ၁ နေရာမှာရှိနေခဲ့ပြီး brand reputation index စုစုပေါင်း 2,696,408 ရရှိခဲ့ပါတယ်။ အခုရလဒ်ဟာ ကျန်ခဲ့တဲ့ဇူလိုင်လထက်စာရင် ၃၄.၈၄% တိုးတက်လာတယ်လို့ သိရပါတယ်။

Yoo Jae Suk နှင့်ပက်သက်ပြီး ရှာဖွေမှုအများဆုံး Keywords တွေကတော့ “SSAK3”, “How Do You Play?”, “Running Man” စတာတွေပဲ ဖြစ်ပါတယ်။ Positivity-Negativity reactions (လူထုထံမှ အကောင်း-အဆိုးဝေဖန်ခံရမှု) စစ်တမ်းမှာလည်း 73.4% Positivity reactions ရရှိထားပါတယ်။

Park Na Rae ကတော့ ဒုတိယနေရာမှာ brand reputation index ပေါင်း 1,381,111နှင့် ရပ်တည်နေပါတယ်။ Kim Shin Young ကတော့ တတိယနေရာမှာ brand reputation index 1,088,757 နှင့်ရပ်တည်ထားပါတယ်။ အခုကတော့ Brand Reputation Ranking မှာ 1 to 10 ဝင်တဲ့သူတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

1.Yoo Jae Suk


2.Park Na Rae


3.Kim Shin Young


4.Jang Do Yeon


5.Song Hae


6.Ahn Jung Hwan


7.Lee Young Ja


8.Jo Se Ho


9.Kang Ho Dong


10.Paeng Hyun Sook

Source: Soompi
Written: Phoo Phoo

Share