Categories: Celebrity News

မကြာခင်နားထောင်ရတော့မယ့် CL ရဲ့သီချင်းသစ်

​CL ကသူမရဲ့ instagram စာမျက်နှာကနေတစ်ဆင့် သူမရဲ့သီချင်းအသစ်တွေချပြတော့မယ့်အကြောင်း ပရိတ်သတ်တွေကိုသတင်းကောင်းပါးခဲ့ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့သူမရဲ့ instagram စာမျက်နှာမှာ တင်ခဲ့တဲ့ Story အရသူမရဲ့သီချင်းအသစ်တွေကို နားထောင်ရဖို့တော်တော်နီးစပ်လာပြီဆိုတာသိသာပါတယ်။

သူမရဲ့storyမှာ “ပရိတ်သတ်တို့ရေ၊ စောင့်ရတာ ငြီးငွေ့စရာကောင်းတယ်ဟုတ်? အခုသီချင်းအသစ်တွေ ဖျော်ဖြေမှုအသစ်တွေနဲ့ ပရိတ်သတ်ရှေ့ကိုပြန်လာဖို့ ပြင်ဆင်နေတာ တော်တော်တောင်ခရီးရောက်နေပါပြီ။

မြန်မြန်ချပြနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်နော်။ အားလုံးကိုသတိရတယ်။ အမြဲအားပေးလို့ကျေးဇူးတင်ပါတယ်” ဆိုပြီးရေးသားခဲ့ပါတယ်။ YG Entertainment ကထွက်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ဒီဇင်ဘာလက “In The Name of Love” ထွက်ရှိခဲ့တာနောက်ဆုံးမို့လို့ သူမရဲ့အနုပညာအသစ်တွေကိုနားမထောင်ရတာ ၈ လတောင်ရှိပါပြီ။

တင်ထားတဲ့ပုံထဲမှာကြည့်ရတာလည်း CL တစ်ယောက်သူမသဘောကျတဲ့ အနုပညာပုံစံကိုဖန်တီးခွင့်ရလို့ ပျော်နေပုံပါပဲ။ ပရိတ်သတ်တို့ရော CL ရဲ့သီချင်းသစ်နားထောင်ဖို့ စိတ်လှုပ်ရှားနေပြီလား။

Source : Soompi
Written : Helra

Share