BTS’s RM
RM က English ကိုဒီလိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ဖို့ နိုင်ငံခြားသွားပြီးသင်ယူခဲ့ရတာတို့ ဆရာခေါ်သင်ခဲ့တာတို့ တစ်ခါမှမရှိဖူးပါဘူးတဲ့။ English Comedy Series တစ်ခုဖြစ်တဲ့ FRIENDS ကိုကြည့်ပြီး self-study လုပ်ပြီးသင်ယူခဲ့တာပါ။
သူ self-study လုပ်ခဲ့တဲ့နည်းက ပထမတစ်ခေါက်မှာဇာတ်လမ်းတစ်ခုလုံးကို ကိုရီးယားစာတန်းထိုးနဲ့ကြည့်ပြီး ဒုတိယတစ်ခေါက်ကြည့်တဲ့အခါ English စာတန်းထိုးနဲ့ကြည့်ပါတယ်တဲ့။
ဒီလိုနဲ့ တတိယတစ်ခေါက်မှာတော့ စာတန်းထိုးတောင်မကြည့်တော့ပဲနဲ့သင်ယူခဲ့တာပါတဲ့။ ဘာသာစကားကိုတောင် ပျော်စရာကောင်းအောင်သင်ယူနိုင်တဲ့ ဉာဏ်ကြီးရှင်ပါပဲနော်။ သူ English လိုဘယ်လောက်တော်လဲဆိုတာ သူ UN Press Conference မှာပြောထားတဲ့မိနိ့ခွန်းကိုနားထောင်ကြည့်ရုံနဲ့သိနိုင်ပါတယ်။
Rain
၂၀၀၈ ခုနှစ်တုန်းက US debut မလုပ်ခင် English စာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့ Rain အနေနဲ့ ရက် ၁၀၀ သာလိုခဲ့ပါတယ်တဲ့။ သူပါဝင်ရမယ့် ရုပ်ရှင် Speed Racer ရဲ့ဇာတ်ညွှန်းဖတ်ဖို့လိုအပ်ချက်အတွက် သင်ယူခဲ့တာပါ။
သူသင်ယူခဲ့ပုံကလည်း သူအားလပ်ချိန်တွေမှာ ကျွမ်းကျင်တဲ့ Korean-English စကားပြန်တစ်ယောက်နဲ့ ကော်ဖီဆိုင်မှာစကားထိုင်ပြောကြည့်အြိး သူသိချင်တာတွေကိုမေးမြန်းရုံပါပဲတဲ့။
Girls’ Generation’s Seohyun
Seohyun ကလည်း English လိုပြောတဲ့အခါ ကိုရီးယားလေယူလေသိမ်းလုံးဝမပါဘဲပြောနိုင်လို့ ပရိတ်သတ်တွေအံ့ကြချီးကျူးရသူတစ်ယောက်ပါ။
သူမဒီလိုပြောနိုင်ဖို့ကိုတော့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ Tiffany နဲ့ Jessica ဆီကသင်ယူထားတာလို့ပရိတ်သတ်တွေက မှတ်ချက်ချခဲ့ကြပါတယ်။ Tiffany ရော Jessica ရောက English လိုပြောတဲ့နိုင်ငံတွေကလာတာပါ။
Girls’ Generation’s Sooyoung
Sooyoung ကိုလည်း Seohyun လိုပဲ Tiffany နဲ့ Jessica ဆီကသင်ယူထားတာဖြစ်မယ်လို့ ပရိတ်သတ်တွေကထင်ကြေးပေးခဲ့ကြပါတယ်။ Sooyoung ကအဖွဲ့ထဲမှာဆို Tiffany နဲ့အရမ်းရင်းနှီးပြီး အမြဲတပူးတွဲတွဲနေတတ်လို့ ဒါဖြစ်နိုင်ခြေရရှိတဲ့မှတ်ချက်တစ်ခုဖြစ်ပါတယ်။
EXID’s Hani
I’m Going To School အစီအစဉ်ရဲ့အပိုင်းတစ်ခုမှာ Hani ရဲ့ English လိုကျွမ်းကျင်မှုက ပရိတ်သတ်တွေကိုရော အခြားသူမနဲ့အတူတူ အစီအစဉ်မှာပါဝင်တဲ့နာမည်ကြိးတွေကိုပါ အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ အဲဒီနေ့က Hani သာမရှိခဲ့ရင် English ဆရာကိုဘာပြန်ပြောရမှန်းမသိဖြစ်နေမှာမို့လို့ အားလုံးကသူမကိုချီးကျူးခဲ့ကြပါတယ်။
GFRIEND’s Umji
Umji ကနိုင်ငံခြားမှာသွားပြီးသင်ယူခဲ့တာမျိုးတော့မရှိပေမယ့် ငယ်ငယ်တုန်းက English သင်တန်းတွေတက်ဖူးပြီးတော့ English လိုသင်တဲ့မူကြိုမှာတက်ခဲ့တာပါတဲ့။ ဒါအပြင် Disney ဇာတ်လမ်းတွေကြည့်ပြီးတော့လည်း English စာသင်ယူခဲ့ဖူးပါတယ်။
BIGBANG’s Taeyang
Taeyang ကလည်းတစ်လျှောက်လုံးကိုရီးယားမှာပဲနေခဲ့သူဖြစ်ပေမယ့် English စကားကိုကောင်းကောင်းပြောနိုင်ပါတယ်။ ဒီလိုသင်ယူခဲ့တာက နိုင်ငတကာပရိတ်သတ်တွေနဲ့ဆက်ဆံတဲ့အခါ လွယ်ကူအောင်နဲ့ နိုင်ငံတကာကိုထိုးဖောက်တဲ့အခါမှာလည်းအထောက်အကူဖြစ်အောင်ဆိုပြီး သူ့ သဘောထားကိုပြောပြခဲ့ပါတယ်။
HINAPIA’s Yaebin
PRISTIN အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Yaebin (Rena) ကလည်း English လိုကောင်းကောင်းပြောတတ်သူပါ။ PRISTIN အဖွဲ့ထဲမှာရှိနေတုန်းကလည်း Sungyeon, Kyla တို့နဲ့အတူ Vlive မှာ English လိုပြောတတ်ပါတယ်။ သူမကငယ်ငယ်တုန်းကကျောင်းမှာပဲလေ့လာခဲ့တာဖြစ်ပြီး English စာမှာဆိုအမြဲ နံပါတ် ၁ ပါပဲတဲ့။
Kim So Hye
I.O.I အဖွဲ့ဝင်တို့တစ်တွေ After School Club ကိုလာတုန်းကလည်း Kim So Hye ရဲ့ English စကားပြောစွမ်းရည်ကိုအားလုံးက အံ့အားသင့်ခဲ့ရပါတယ်။
MC ကတောင်ဘယ်နိုင်ငံခြားမှာနေဖူးလားလို့မေးခဲ့ပေမယ့် သူမကကိုရီးယားသူစစ်စစ်ပါတဲ့။ အတည်တော့မပြုခဲ့ပေမယ့် ဖြစ်နိုင်တာက သူမငယ်ငယ်က English တက်ဖူးပုံပဲလို့ အားလုံးကမှတ်ချက်ချခဲ့ကြပါတယ်။
Source : Koreaboo
Written : Helra