Categories: Celebrity News

ကြော်ငြာတစ်ခုကြောင့် Kim Tae Hee ကိုအရေးယူရမယ်ဆိုပြီး စနောက်ခဲ့တဲ့ Rain

Hangout with you ရဲ့ဒီအပတ်ထွက်ရှိခဲ့တဲ့ အပိုင်းမှာတော့ Rain ကတော့ Kim Tae Hee ရဲ့အသစ်ထွက်ရှိထားတဲ့ ကြော်ငြာနှင့် ပက်သက်ပြီး ပြောခဲ့ပါတယ်။

ကြော်ငြာအသစ်မှာတော့ သူ့ရဲ့မိန်းမကိုတောင် မမှတ်မိဖြစ်သွားပါတယ်တဲ့။ ဒါ့အပြင် အဆိုပါကြော်ငြာနှင့် ပက်သက်ပြီး Kim Tae Hee ကိုအရေးယူရမယ်ဆိုပြီး အရွှန်းဖောက်ခဲ့ပါသေးတယ်။

Kim Tae Hee ရဲ့ကြော်ငြာအသစ်ဟာ Rain ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းဖြစ်တဲ့ Gang ကိုမှီငြမ်းပြီး ရိုက်ကူးခဲ့တာပါ။ ကြော်ငြာကတော့ Cledor ရေခဲ့မုန့်ရဲ့ကြော်ငြာဖြစ်ပြီး Rain ရဲ့mv ဖြစ်တဲ့ Gang မှ scenes တွေအတော်များများကို သုံးထားပါတယ်။

ထိုင်ခုံအကြီးကြီးကို သုံးထားတဲ့အခန်းတွေ၊ ကားပေါ်မှာထိုင်နေတဲ့ပုံစံတွေ၊ နောက်ဆုံးရေခဲ့မုန့်ရဲ့ Sologan ကိုရိုက်ကူးထားပုံကအစ Rain ရဲ့ MV ဖြစ်တဲ့ Gang ကိုအမှတ်ရစေပါတယ်။

ဒါ့ကြောင့်မို့ Rain တစ်ယောက်ကတော့ သူမိန်းမကို အရေးယူရမယ်ဆိုပြီး စနောက်ခဲ့တာပါ။ အဲ့လိုပြောလိုက်ချိန်မှာတော့ Lee Hyori နှင့် Yoo Jae Suk တို့က ” ကိုယ့်ရဲ့မိန်းမကို အရေးယူတော့မှာလား” ဆိုပြီး Rain ရဲ့စနောက်မှုကို အချွန်နဲ့မခဲ့ကြပါတယ်။

အဲ့တော့မှ Rain လည်း ” မဟုတ်ပါဘူး။ကျွန်တော်က စနေတာပါ။ အဲ့လိုမလုပ်ကြပါနဲ့။ တော်ကြာသတင်းတွေမှာက တမျုျိးရေးနေကြဦးမယ်။ တောင်းပန်ပါတယ်” ဆိုပြီး သတင်းသမားတွေ တမျိုးထင်အောင်ရေးကြမှာကို တော်တော်လေးစိတ်ပူသွားပုံရပါတယ်။

ဒူးတွေဘာတွေတောင် ထောက်ပြီး တောင်းပန် လိုက်ရတဲ့အထိပါပဲ။ အဲ့အဖြစ်ကိုကြည့်ပြီး Lee Hyori နဲ့ Yoo Jae Suk တို့ကတော့ ဟာသဖောက်နေကြပါတယ်။ Kim Tae Hee အနေနှင့်လည်း အိမ်ထောင်ကျပြီးနောက်ပိုင်း ပထမဆုံးအနေနှင့် ပရိတ်သတ်ရှေ့ကို ပြန်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

အခုအချိန်ထိလည်း အလှမပျက်သေးပဲ နုပျိုဆဲပုံရိပ်တွေကို မြင်နေရတုန်းပါပဲ။ ပရိတ်သတ်တွေ ကြည့်စေရန် အလို့ငှါ Kim Tae Hee ရဲ့ CF ကိုပါထည့်ပေးလိုက်ပါတယ်။

Source: Allkpop
Written: Phoo Phoo

Share