Categories: Celebrity News

Non-Japanese သီချင်းနဲ့ ဂျပန်နိုင်ငံရဲ့ iTunes chart မှာထိပ်ဆုံးရခဲ့တဲ့ ပထမဆုံး ကိုရီးယား Solo Artist BTS’s V

V ကတော့သူကိုယ်တိုင်ရေးသားထားတဲ့ Itaewon Class ရဲ့ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ Sweet Night သီချင်းနဲ့နောက်ထပ် record တစ်ခုထပ်ချိုးလိုက်ပြန်ပါပြီ။

ဒီသီချင်းဟာ ဂျူလိုင်လကတည်းက ကမ္ဘာတစ်လွှားက iTunes Top Song Charts တွေ နံပါတ် (၁)စွဲခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ မှာထိပ်ဆုံးရောက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ဩဂုတ်လ ၁ ရက်နေ့မှာ Sweet Night ဂျပန်နိုင်ငံရဲ့ Itunes Top Song Chart မှာနံပါတ် (၁)ရခဲ့ပါတယ်။ ဒီ Chart ဟာ ဂျပန်သီချင်းမဟုတ်တဲ့ သီချင်းတစ်ပုဒ်အတွက် ဒီလိုအောင်မြင်မှုရဖို့ အရမ်းခက်ခဲ့တဲ့နေရာဖြစ်ပြီး ဒီသီချင်းဆို ဂျပန်နိုင်ငံတွင်းမှာ promote တောင်မလုပ်ထားပါဘူး။

ဒါ့အပြင် V ကကိုရီးယားသီချင်းနဲ့ ဒီလို Top Song Chart မှာနံပါတ် (၁) ရတဲ့ပထမဆုံး Solo အနုပညာရှင်ဆိုတဲ့အချက်ကတော့ ဂုဏ်ယူစရာအကောင်းဆုံးပါပဲ။

ဩဂုတ်လ ၂ ရက်နေ့မှာလည်း Sweet Nights က အကြီးဆုံး music market (၁၀) နိုင်ငံမှာ (၈)နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှာ ထပ်မံဗိုလ်စွဲခဲ့ပါတယ်။ ဒီ (၈)နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ ဂျပန် ၊ UK ၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတေးလျနဲ့ ဘရာဇီးတိုပါဖြစ်ပါတယ်။

World Music Awards ကလည်း V ဟာဒီလိုမျိုး အဓိကကျတဲ့ iTunes စျေးကွက်တွေမှာ နံပါတ်တစ်တွေအများကြီးယူနိုင်တဲ့ ပထမဆုံးသော အာရှသားအဆိုတော်ဖြစ်ပါတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ V ကိုရော ARMY တွေကိုပါ ဂုဏ်ပြုပါတယ်နော်။

Source : Soompi
Written : Helra

Share