လတ်တလောကိုရီးယားလူထုပရိတ်သတ်ကြားထဲ ရေပန်းစားနေတဲ့အကြောင်းအရာတွေထဲက SHINee’s Minho စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မယ့်အကြောင်းကလည်း စကားစမြည်ပြောစရာဖြစ်နေပါတယ်။
ဒီအကြောင်းအရာက Online Community တစ်ခုကတင်လိုက်တဲ့ Minho ပုံနဲ့အတူ “ကိုယ့်ဘေးကတစ်စုံတစ်ယောက် စစ်မှုထမ်းတဲ့အခါ ဘာလို့တကယ်ကြာတဲ့အချိန်ထက်တိုတယ်လို့ထင်ရပါလိမ့်” ဆိုတဲ့ခေါင်းစဉ်က လူထုအကြားရေပန်းစားခဲ့ပါတယ်။
Minho ကဒီနှစ်အတွင်းမှာပဲ နိုဝင်ဘာငါးရက်ဆို တာဝန်ပြီးဆုံးပါပြီ။ အချို့ပရိတ်သတ်တွေရဲ့ မှတ်ချက်တွေကတော့ “Minho စစ်မှုမထမ်းခင် Knowing Brothers မှာ ဧည့်သည်အနေနဲ့တွေ့လိုက်ရတာတောင် မနေ့တနေ့ကလိုပဲ” ၊ “သူစစ်မှုထမ်းဖို့သွားတာတောင် မျက်စိတစ်မှိတ်ပဲရှိသေးတယ်”ဆိုပြီးသူတို့ idol ကိုအလွမ်းပြေမှတ်ချက်တွေပေးခဲ့ကြပါတယ်။
Minho က ၂၀၁၉ ခုနှစ် April လ ၁၅ ရက်နေ့ကစတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ SHINee ရဲ့နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Key ကလည်း အောက်တိုဘာလထဲမှာ မရှေးမနှောင်းတာဝန်ပြီးဆုံးမှာဖြစ်လို့ ညီအစ်ကိုတစ်တွေပြန်ဆုံကြပြီး ဘယ်လိုလှုပ်ရှားမှုတွေလုပ်သွားမလဲဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်ရဦးမှာပါ။
Source : Allkpop
Written : Helra