Categories: Celebrity News

BREAKING NEWS: ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ 2AM အဖွဲ့ Seulong

2AM အဖွဲ့ဝင် Seulong ဩဂုတ်လ ၁ ရက်နေ့ည ဆိုးလ်မြို့မှာ ကားမောင်းရင်း ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ရာသီဥတုကြောင့် ကားလမ်းတွေချော်နေတာမို့ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုအတွက် ရဲတပ်ဖွဲ့ကနေ Seulong ကို စစ်ဆေးမှုခံယူခဲ့ရတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ Seulong မောင်းနှင်လာတဲ့ကားဟာ လမ်းမပေါ်မှာ စည်းကမ်းဖောက်ဖျက်ပြီး လမ်းကူးနေသူတစ်ဦးကို တိုက်မိခဲ့တာဖြစ်ပြီး ထိုသူဟာ သေဆုံးသွားတယ်လို့လဲ သိရပါတယ်။

Im Seulong ကတော့ ညဘက်လဲဖြစ် ရုတ်တရက်လဲဖြစ်သွားတာကြောင့် အတော်ကိုထိတ်လန့်သွားမှာ အသေအချာပါပဲ။ Koreaboo သတင်းဌာနကတော့ Seulong တစ်ယောက် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကိုခံယူပြီး နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီလို့ဆိုပါတယ်။

Seulong ရဲ့လက်ရှိအေဂျင်စီဖြစ်တဲ့ Jellyfish ကလဲ ယာဉ်တိုက်ခံရသူ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ အရာအားလုံးအဆင်ပြေပြေ အဆုံးသတ်ဖို့တော့ မျှော်လင့်ပါတယ်။

Source : Koreaboo
Written : Dar Dar

Share