Categories: Celebrity News

လူစုလူဝေးဖြစ်သွားစေခဲ့တဲ့ပွဲအကြောင်း ဖြေရှင်းချက်ပေးခဲ့တဲ့ Ji Chang Wook

မကြာသေးမီက မင်းသား Ji Chang Wook ကသူ့ရဲ့ ဒရမ်မာ Backstreet Rookie ကို promote တဲ့အနေနဲ့ပွဲတစ်ခုကျင်းပခဲ့ပါတယ်။ အဲဒီပွဲက လူစုလူဝေးဖြစ်သွားစေတဲ့အတွက် ဒီလို social distancing စည်းကမ်းအချို့ကိုဖောက်ဖျက်သလို ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်းကြားခဲ့ရပါတယ်။

ဒီပွဲမှာ Ji Chang Wook ကဒရမ်မာထဲက သူ့ရဲ့ character အတိုင်း GS25 convenience store က cashier မှာတစ်ရက်တာတာဝန်ထမ်းဆောင်ပေးမှာပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီပွဲက လူစုလူဝေးအသွင်ဖြစ်သွားတဲ့အတွက် social distancing စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့မိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Ji Chang Wook ရဲ့ အေဂျင်စီဖြစ်တဲ့ Glorious Entertainment က ဩဂုတ်လ ၄ ရက်နေ့က Star news ကိုဖြေရှင်းခဲ့ပါတယ်။ ဒီပွဲဟာအစတုန်းက ရုပ်ရှင်ရိုက်ကူးဖို့ပဲ schedule ထားတာဖြစ်ပြီး မှားယွင်းပြီးပရိတ်သတ်တွေကို အသိပေးခဲ့မိတာပါတဲ့။ ဒီလိုမျိုးလူစုလူဝေးဖြစ်သွားစေပြီး လူစုကိုမထိန်းနိုင်ခဲ့တဲ့အတွက်လည်း အနူးအညွတ်တောင်းပန်ခဲ့ပါတယ်။

ဘယ်လိုရိိုက်ကူးရေးမျိုးလဲဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပေမယ့် Ji Chang Wook က Sinchon, Seoul က convenience store တစ်ခုမှာ တစ်ရက်တာမန်နေဂျာအနေနဲ့ရိုက်ကူးရေးရှိနေမယ့်အကြောင်း ကိုအဲဒီ store ရဲ့ instagram ကနေတစ်ဆင့် လူထုကသိသွားပြီးဒီလိုတွေဖြစ်သွားခဲ့တာပါ။

ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ corona virus ရဲ့ second wave အကြောင်းလူပြောလည်းများလာခဲ့ပါတယ်။ စည်ကမ်းကြီးကြတဲ့ တောင်ကိုရီးယားပြည်သူတွေ virus ရန်ကြောင့် social distancing ကိုတိတိကျကျလိုက်နာနေကြတဲ့အချိန်ဒီလိုဖြစ်သွားရတဲ့အတွက်ဝေဖန်သံတွေ အများကြီးကြားခဲ့ရပါတယ်။

Source : Koreaboo
Written : Helra

Share