Categories: Celebrity News

My Ambulance မင်းသားချော Sunny Suwanmethanont ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများ

မင်းသားချော Sunny Suwanmethanont ကတော့ သူရဲ့ ချောမောဆွဲဆောင်မှုကြောင့်သာမက သူ့ရဲ့သရုပ်ဆောင်ပါရမီကြောင့် ပရိတ်သတ်တွေဆီက အားပေးမှုတွေကို တခဲနက်ပိုင်ဆိုင်ထားသူပါ။

သူ့ရဲ့ ဟာသရိုမန့်တစ်ဆန်ဆန်ဇာတ်ကားတွေဖြစ်တဲ့ Sunny Suwanmethanont ကိုတော့ ၁၉၈၁ မေလ ၁၈ ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူကတော့ ပြင်သစ်၊ စင်ကာပူ၊ ထိုင်းကပြားဖြစ်တာကြောင့် ဆွဲဆောင်မှုရှိတဲ့ မျက်နှာကိုပိုင်ဆိုင်ထားသူပါ။

ပညာရေးအနေနဲ့တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ The Assumption University of Thailand ကနေ Communication Arts ဘွဲ့ကိုရရှိထားပါတယ်။ သူဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာပြီး နောက်ပိုင်းမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေရဲ့ ပင်တိုင်မော်ဒယ်တွေပါဖြစ်လာပါတယ်။

မင်းသားချော Sunny Suwanmethanont ကတော့ ၂၀၀၅ မှာ Noon Sirapan နဲ့အတူ ရိုက်ကူးထားတဲ့ Puen Sanit လို့ခေါ်တဲ့ရုပ်ရှင်ကားနဲ့ ပရိတ်သတ်တွေက သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အနေနဲ့ Sunny Suwanmethanont ကို စတင်အသိအမှတ်ပြုလာကြပါတယ်။

မင်းသမီးချော Ice Preechaya နဲ့အတူရိုက်ကူးထားတဲ့ I Fine Thank You Love You ရုပ်ရှင်ကားကြီးနဲ့ Sunny တစ်ယောက် ထိုင်းမှာသာမက အာရှနိုင်ငံများစွာမှာ ပရိတ်သတ်တွေများစွာ ရရှိခဲ့ပါတယ်။

Sunny ဟာ ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးပြီး ထိုင်းနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါတယ်။

Genius ရုပ်ရှင်မင်းသမီးဖြစ်သူ Akobab Chutimon နဲ့အတူ ရိုက်ကူးထားတဲ့ Happy Old Year ဟာ ဆိုရင်လည်း အနောက်နိုင်ငံများထိပါ အောင်မြင်မှုများစွာကိုသိမ်းပိုက်ထားနိုင်ပါတယ်။

မင်းသမီးချော Mai Davika နဲ့အတူ ရိုက်ကူးထားတဲ့ My Ambulance ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် မကြာသေးခင်ကမှ ပရိတ်သတ်တွေကြား တအားကိုရေပန်းစားခဲ့ပါတယ်။

Source: ThaiUpdate
Written: S.Kaung

Share