Categories: Celebrity News

နောက်ထွက်မယ့် ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲသစ်များအတွက် စတင်ရိုက်ကူးနေတဲ့ Baifern

Crazy Little Thing Called Love လို့ခေါ်တဲ့ ရိုမန့်တစ်အချစ်ကားလေးနဲ့ မြန်မာပရိတ်သတ်တွေကြားကို ဝင်ရောက်လာတဲ့ မင်းသမီးချောလေး Baifern Pimcahnok ကတော့ ယခုအခါမှာဆိုရင် ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးဖြစ်လို့နေပါပြီ။

အဲ့ဒီ ၂၀၁၀ မှာရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ မြန်မာနဲ့ထိုင်းမှာတင်မက အာရှတခွင်မှာ အရမ်းကိုအောင်မြင်ခဲ့ပြီး မင်းသမီးချောလေး Baifern Pimcahnok ရယ်လို့ ပရိတ်သတ်တွေကို လက်ခံစေခဲ့ပါတယ်။

မင်းသမီးလေး Baifern ကတော့ ဒီနှစ်ထဲမှာကို Mario Maurer နဲ့အတူ Laser Candy ဆိုတဲ့ ရုပ်ရှင်ကို အတူတူရိုက်ကူးပြီးစီးထားပါတယ်။ Mario Maurer နဲ့အတူ ပထမဆုံးရိုက်ကူးခဲ့တဲ့ Crazy Little Thing Called Love ရုပ်ရှင်လိုပဲ အရမ်းကိုကြည့်ကောင်းမယ်လို့ မှျှော်လင့်ပြီး အရမ်းကိုကြည့်ချင်နေပါပြီနော်။

ယခုအချိန်မှာတော့ မင်းသမီးလေး Baifern က GHD Production ကရိုက်ကူးတဲ့ ရိုမန့်တစ်ဟာသကားကို မင်းသားချော Bank Thiti နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒါ့အပြင် သူမဟာ Thai TV3 ကထုတ်လွှင့်မယ့် Sroi Sabunga လို့ခေါ်တဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်အတွက်ကိုလည်း ပရိတ်သတ်အချစ်တော်မင်းသား Nine Naphat နဲ့အတူ ရိုက်ကူးလျှက်ရှိပါတယ်။

သတင်းတချို့မှာ Baifern က နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲအသစ် ၂ ခုကို ဆက်လက်ရိုက်ကူးသွားဦးမှာမို့ Baifern ပရိတ်သတ်တွေအတွက်ကတော့ ဝမ်းသာစရာသတင်းလေးပါ။ ပထမတစ်ခုကတော့ ONE 31 အတွက် Sean Jindachot နဲ့အတူရိုက်ကူးမယ့် Sinaeha Saree ပ်ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး နောက်တစ်ခုကတော့ GMM 25 ကရိုက်ကူးထုတ်လွင့်မယ့် ရိုမန့်တစ်ဟာသပ်ရုပ်သံဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

Source: ThaiUpdate
Written: S.Kaung

Share