Categories: Celebrity News

Thai TV3 Channel ရဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Vasana Ruk ကို ြသဂုတ်လ ၂၉ ရက်တွင်စတင်ထုတ်လွင့်မည်

ထိုင်းနိုင်ငံကတော့ ကမ္ဘာမှာ သူ့ရဲ့ သဘာဝအလှတွေ၊ ယဉ်ကျေးမှုတွေအပြင် ဒေသခံံတွေရဲ့ ယဉ်ကျေးပျူငှာမှုတွေကြောင့် The Land of Smiles လို့တောင် တင်စားကြပါတယ်။
အနုပညာသဘင်တွေမှာလည်း ခေတ်အဆက်ဆက်ကတည်းက အမိုင်းအစဉ်အလာကြီးမားတဲ့တိုင်းပြည်မှာ ထိုင်းဒရာမာဆိုတာတစ်ခေတ်တစ်ခါ ဖြစ်ခဲ့ပါတယ်။

ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကို ငယ်ငယ်က တီဗွီမှာစောင့်ကြည့်ဖူးကြမှာပါ။ ထိုင်းရုပ်ရှင်တွေကတော့ ဟိုးယခင်ထဲက အရှေ့တောင်အာရှမှာ နာမည်ကြီးပါပဲ။
ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကနေ အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ နာမည်ကြီး ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ TV3 Channel ကတော့ အခုလက်ရှိဘယ်လို ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးထုတ်လွင့်မယ်ဆိုတာ ကြည့်ရအောင်လား။

Thai TV3 Channel ရဲ့ ပြောကြားချက်အရ ရုပ်သံဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Vasana Ruk ဟာ ပရိတ်သတ်တွေအားပေးခဲ့ကြတဲ့ Toong Sanaeha ရုပ်သံဇာတ်လမ်းတွဲရဲ့အဆက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလာမယ့် ြသဂုတ်လ ၂၉ ရက်မှာ စတင်ထုတ်လွင့်မယ့် Vasana Ruk ရုပ်သံဇာတ်လမ်းတွဲအသစ်ဟာ Kan နဲ့ Klai Rung တို့ကြားက အချစ်ဇာတ်လမ်းကို ရိုက်ကူးဖော်ကြူးတင်ဆက်သွားမှာဖြစ်ပါတယ်။

အဓိကဇာတ်ဆောင်များအနေနဲ့ ပရိတ်သတ်တွေအားပေးကြတဲ့ ထိုင်းသရုပ်ဆောင်အနုပညာရှင်ဖြစ်တဲ့ Ice Panuwat နဲ့ Klai Rung တို့က ပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမှာပါ။

Toong Sanaeha ရုပ်သံဇာတ်လမ်းတွဲရဲ့အဆက်ဖြစ်တာကြောင့် Kan ဟာ Toong Sanaeha မှာပါဝင်ခဲ့တဲ့ Kaew Jai နဲ့ Pathai Thepthong တို့ရဲ့သားအနေနဲ့ ပြန်လည်ဇာတ်သွင်းထားပါတယ်။

ဒီVasana Ruk ရုပ်သံဇာတ်လမ်းတွဲကိုတော့ ယခုထုတ်လွင့်ပြသနေတဲ့ Balang Dok Mai ရုပ်သံဇာတ်လမ်းတွဲပြီးရင် အပတ်စဉ် သောကြာ၊ စနေ၊ တနဂ်နွေနေ့တိုင်း ညနေ ၈း၂၀ မှာ ထုတ်လွင့်ပေးသွားမှာပါ။

Source: ThaiUpdate
Written: S.Kaung

Share