Categories: Celebrity News

Rating အမြင့်ဆုံးကို ရောက်ရှိလာခဲ့တဲ့ ‘Flower Of Evil’

ဩဂုတ်လ ၁ ရက်နေ့ကမှ စတင်ထုတ်လွှင့်ခဲ့တဲ့ Lee Joon Gi နဲ့ Moon Chae Won တို့ရဲ့ သဲထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲ ဖြစ်တဲ့ ‘Flower Of Evil’ ကတော့ တစ်ပိုင်းပြီးတစ်ပိုင်းမှာ nationwide rating တွေ မြင့်သည်ထက်မြင့်လာပြီး အပိုင်း (၄) မှာတင် ဒီဇာတ်လမ်းတွဲစတင်ထုတ်လွှင့်ချိန်ကတည်းက အမြင့်ဆုံးဖြစ်တဲ့ ရုပ်သံလိုင်း rating 3.7 percent ရရှိခဲ့တယ်လို့ ဆိုပါတယ်။

​နိုင်ငံတွင်းရုပ်သံလိုင်းမှာ rating 3.7% ဆိုတာ နည်းတဲ့ပမာဏ မဟုတ်သလို အဲ့ဒီမတိုင်ခင်ကအပိုင်းထက် rating 0.6% တောင် မြင့်လာတာဖြစ်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေက တဖြည်းဖြည်းပိုရှုပ်ထွေးပြီး စိတ်ဝင်စားစရာကောင်းလာတာမို့ ဒီထက်ပိုပြီး များလာဖို့ပဲရှိမယ်လို့ ပရိတ်သတ်တွေကလဲ ခန့်မှန်းနေကြပါတယ်။

ဗုဒ္ဓဟူး ကြာသပတေးနေ့မှာ ထုတ်လွှင့်တဲ့ အခြားဇာတ်လမ်းတွဲတွေရဲ့ ရုပ်သံလိုင်းကြည့်ရှုနှုန်း အျခြအနေတွေကတော့ JTBC ရဲ့ Was It Love က 1.6% ရှိပြီး MBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Chip In ဇာတ်လမ်းတွဲက 2.8% နဲ့ အသီးသီးရပ်တည်နေပါတယ်။ ဒီကာလကတော့ ပရိတ်သတ်တွေအတွက် ရွေးချယ်ကြည့်ရှုစရာ ဇာတ်လမ်းကောင်းတွေ ချည်းပါပဲ။

Source : Soompi
Written : Dar Dar

Share