Categories: Celebrity News

သြဂုတ်လအတွက် BTS, EXO, Seventeen နှင့် NCT အဖွဲ့များ၏ Brand value အဆင့်များ

Korea Institute of Corporate Reputation မှ သြဂုတ်လ၏ ယောကျာ်လေး Idol အဖွဲ့များ၏ Brand value ranks(အဆင့်)များကို ပရိတ်သတ်တွေသိအောင် ထုတ်ပြန်လိုက်ပါပြီ။

Rankings ကိုဆုံးဖြတ်ရာမှာတော့ ယောကျာ်းလေး boy group တွေရဲ့ လူထု၏စိတ်ဝင်စားခံရမှု၊ မီဒီယာ၊ Community awareness စတာတွေကိုကြည့်ပြီး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ data တွေကိုတော့ ဇူလိုင် ၇ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ စစ်တမ်းကောက်ခဲ့တယ်လို့ ပြောထားပါတယ်။ Top 4 ကို နေရာယူထားတဲ့ အဖွဲတွေကတော့ BTS, EXO, Seventeen နှင့် NCT တို့ပဲဖြစ်ပါတယ်။

နံပါတ် ၁ နေရာကိုတော့ 8,924,775 points ဖြင့် BTS အဖွဲ့မှ ရရှိခဲ့ပါတယ်။ EXO အဖွဲ့ကတော့ ဒုတိယနေရာမှာ 2,524,066 points ဖြင့်ရရှိထားပါတယ်။ ထိုနောက်မှာတော့ Seventeen အဖွဲ့မှ တတိယအဆင့်ရရှိထားပြီး NCT ကတော့ စတုထ္ထအဆင့်ရရှိခဲ့ပါတယ်။

Top ten ဝင်ခဲ့တဲ့ အဖွဲ့များကိုလည်း အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

1. BTS


2. EXO


3. Seventeen


4. NCT


5. SF9


6. TEEN TOP


7. ASTRO


8. Super Junior


9. AB6IX


10. SHINee

Source: Allkpop
Written: Phoo Phoo

Share