CNBLUE အဖွဲ့ဝင်အဖြစ်လဲ လူသိများသလို ဒရမ်မာချစ်သူတွေကြားမှာလဲ Love Strings ဇာတ်လမ်းတွဲနဲ့ ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ Kang Minhyuk ကတော့ စစ်မှုထမ်းအပြီး ပထမဆုံးပြန်လည်ရိုက်ကူးမယ့် Not Yet Thirty ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရှေ့ကို ပြန်ပေါ်လာတော့မှာဖြစ်ကြောင်း FNC Entertainment က ဩဂုတ်လ ၁၁ ရက်နေ့မှာ ကြေငြာထားပါတယ်။
Not Yet Thirty ကတော့ အသက်သုံးဆယ်ပြည့်ကာစ လူလတ်ပိုင်းအရွယ်တွေအနေနဲ့ အချစ်ရေးနဲ့ အလုပ်တာဝန်တွေကို ဘယ်လိုဟန်ချက်ညီအောင် ကြိုးပမ်းကြမလဲဆိုတာ ရိုက်ပြထားတာပါ။
Seo Ji Won ဆိုတဲ့ webtoon ဆရာမတစ်ဦးဟာ အလယ်တန်းတုန်းက ငယ်ချစ်ဦးဖြစ်တဲ့ Lee Seung Yoo ကို သူ့ရဲ့ထုတ်ဝေသူအဖြစ်နဲ့ ပြန်တွေ့ရတဲ့အခါ ဘာတွေဖြစ်ကြမလဲ? အလယ်တန်းကျောင်းသားအရွယ်က အချစ်နဲ့ အသက်သုံးဆယ်အရွယ်အချစ် ဘယ်လိုကွာဟမှုတွေရှိမလဲဆိုတာ romance comedy ဇာတ်လမ်းတွဲတစ်ပုဒ်အဖြစ် ကြည့်ရှုရမှာပါ။
Kang Min Hyuk ကတော့ ရုပ်ရည်ချောမောပြီး အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေကိုကြွေအောင်လုပ်နိုင်တဲ့ webtoon ထုတ်ဝေသူ Lee Seung Yoo အနေနဲ့ ပါဝင်သွားမှာပါ။ မင်းသမီးအနေနဲ့ကတော့ Jeong In Sun ကပါဝင် သရုပ်ဆောင်မယ်လို့သိရပါတယ်။
Drama ကတော့ အပိုင်းတစ်ပိုင်းစီမှာ မိနစ် ၂၀ ပါဝင်မှာဖြစ်ပြီး အပိုင်း ၁၅ ပိုင်းနဲ့ Kakao M ရဲ့ streaming platform အသစ်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ Kang Min Hyuk ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသားနေရာကပါဝင်မယ့် အချစ်ဇာတ်လမ်းတွဲလဲ ဖြစ်ပါတယ်။
Source : Koreaboo
Written : Dar Dar