Categories: Celebrity News

ပရိတ်သတ်တွေရဲ့မွေးနေ့ဆုတောင်းစကားတွေကို တုံ့ပြန်လိုက်တဲ့ Song Ji Hyo

ဒီဩဂုတ်လ ၁၅ ရက်နေ့ဟာ ပရိတ်သတ်ချစ်ရတဲ့ ဟန်ဆောင်မှုကင်းပြီး အရာရာထူးချွန်တဲ့ Song Ji Hyo ရဲ့ကိုရီးယားနိုင်ငံရဲ့အသက်ရေတွက်ပုံအရ နဲ့ဆိုရင် အသက် ၄၀ ပြည့်မြောက်တဲ့မွေးနေ့ပါ။ သူမကိုချစ်တဲ့ ပရိတ်သတ်တွေကလည်း သူမကိုမွေးနေ့ဆုတောင်းပေးခဲဲ့ကြပြီး လက်ဆောင်တွေ၊ ကိတ်တွေ ပန်းစည်းတွေပါ ပို့ခဲ့ကြပါတယ်။

၁၀ ရက်နေ့ညသန်းခေါင်ကျော်ကတည်းက သူမရဲ့ instagram စာမျက်နှာကနေတစ်ဆင့် လက်ဆောင်တွေနဲ့ သူမရဲ့ကြည်နူးစရာပုံလေးတွေ အမြောက်အမြားမျှဝေခဲ့ပြီး ပရိတ်သတ်တွေကို မမေ့မလျော့ပဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြားခဲ့ပါတယ်။

သူမပုံတင်ပြီးမကြာခင်မှာပဲ Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Haha က “Jihyo ရေ အရမ်း အမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ” လို့ comment ကနေတစ်ဆင့်ဆုတောင်းပေးခဲ့ပါတယ်။

ပရိတ်သတ်တို့လည်း အပျော်တွေကူးစက်ရအောင် Jihyo ရဲ့မွေးနေ့ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်။ Song Ji Hyo လည်း မွေးနေ့မှာပျော်ရွှင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soompi
Written: Helra

Share