Categories: Celebrity News

ရိုင်းစိုင်းစွာ Comments ရေးသားသူများကို တရားဥပဒေအရ အရေးယူမယ့် Lee Min Ho

သြဂုတ်လ ၁၂ရက်နေ့မှာတော့ Law Firm တစ်ခုဖြစ်တဲ့ LIWU မှ Lee Min Ho နှင့်ပက်သက်သည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့၏ Official website ရဲ့ထုတ်ပြန်ချက်ကတော့ ” ကျွန်တော်တို့ LIWU ရှေ့နေများရုံးကတော့ အခုလတ်တလောမှာ သရုပ်ဆောင် Lee Min Ho ကိုရိုင်းစိုင်းစွာ တိုက်ခိုက်ပြောဆိုထားတဲ့ Comments တွေကိုစစ်ဆေးနေပါတယ်။ သတင်းမှားဖြန်ဝေတဲ့သူတွေ၊ ရိုင်းစိုင်းစွာမှတ်ချက်ရေးသားသူတွေကို စောင့်ကြည့်နေပါတယ်။”

” အခုမှာတော့ အဲ့လိုရေးသားတးသူတွေကို အရေးယူနိုင်အောင် သက်သေတွေစုစည်းနေပါတယ်။ လောလောဆယ်တော့ အဲ့လို comments ရေးသားသူတွေရဲ့ စာရင်းကိုရထားပါပြီ။ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဆိုပြီး တရားဝင်စာ ထုတ်ပြန်ထားပါတယ်။

Lee Min Ho ၏အေဂျင်စီဖြစ်တဲ့ MYM entertainment ကလည်း မင်းသားနှင့် ပက်သက်ပြီး အခုလိုစည်းမရှိ၊ကမ်းမရှိ ပြောဆိုနေကြတဲ့ Keyboard fighter တွေကို သင်ခန်းစားပေဖို့ ဆုံးဖြတ်ချက်ချထားတဲ့ပုံပါပဲ။

တောင်ကိုရီးယားနိုင်ငံမှာ အခုလိုမကောင်းတဲ့ ဝေဖန်တိုက်ခိုက်မှုများကြောင့်ပဲ ထိခိုက်နစ်နာခဲ့ရတဲ့ အနုပညာရှင်တွေများစွာ ရှိခဲ့ပါတယ်။ နောက်ဆုံးကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တဲ့ အနုပညာရှင်တွေတောင် ရှိပါတယ်။

ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းကြောင့် အသက်ပေးလိုက်ရတဲ့ လူတွေအများကြီးရှိလာပါပြီ။ ဒီလိုနောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတွေကို ကာကွယ်နိုင်ဖို့အတွက် အခုလိုတရားဥပဒေအရ လုပ်ဆောင်တာဟာ အရမ်းကောင်းတဲ့့ လုပ်ရပ်တစ်ခုပါ။

ဒါမှလည်း အဲ့လိုရိုင်းစိုင်းတဲ့ Comments တွေအနည်းနှင့်အများတော့ ရပ်တန့်သွားမှာပဲ ဖြစ်ပါတယ်။ Lee Min Ho လည်းအခုလို အခြေအမြစ်မရှိတဲ့ Keyboard fighter တွေနှင့်တိုက်ပွဲမှာ အနိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share