Categories: Celebrity News

BLACKPINK ရဲ့သီချင်းသစ်မှာ Selena Gomez ပါဝင်လာမယ့်အကြောင်း YG Entertainment အတည်ပြု

YG Entertainment အနေနဲ့ BLACKPINK ရဲ​့ဒီတစ်ခေါက်ထွက်ရှိမယ့် သီချင်းသစ်မှာ ပါဝင်လာမယ့်အဆိုတော်ကို poster ထွက်ရှိကတည်းက လျို့ဝှက်ထားတာဖြစ်ပြီး သတင်းဌာနတွေက သတင်းအမျိုးမျိုးထွက်ခဲ့ပေမယ့် ဘာကိုမှအတည်ပြုပေးခြင်းမရှိခဲ့တာပါ။

ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ YG Entertainment ဘက်ကနေ သီချင်းသစ်နဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုဝေမျှခဲ့ပြီး featuring အနေနဲ့ ပါဝင်လာမယ့်အဆိုတော်ကလဲ Selena Gomez ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒီအကြောင်းကို Selena Gomez ကလဲ သူ့ရဲ့ twitter မှာ မျှဝေထားတာမို့ ကောလဟာလတွေက အမှန်တကယ်ဖြစ်လာပါပြီ။

Selena Gomez နဲ့ပူးပေါင်းဖြစ်သွားပုံကိုတော့ YG ဘက်ကနေ ‘အချင်းချင်းပရိတ်သတ်အဖြစ် အမြဲအားပေးနေကြတဲ့ အနုပညာရှင်တွေဟာ နောက်ဆုံးတော့ ဒီ collabration နဲ့ သူတို့အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါပြီ။

BLACKPINK အနေနဲ့လဲ သူတို့ရဲ့သီချင်းမှာ ပါဝင်အားဖြည့်ပေးလို့ Selena Gomez ကို အရမ်းကျေးဇူးတင်နေကြသလို ပရိတ်သတ်တွေကို ချပြဖို့လဲ ရင်ခုန်နေကြပါပြီ။’ လို့ ထုတ်ပြန်ထားပါတယ်။

BLACKPINK အနေနဲ့လဲ အနောက်တိုင်းအနုပညာရှင်တွေနဲ့ ဆက်တိုက်ဆိုသလို အနုပညာတွေ ပူးပေါင်းဖန်တီးခဲ့တာဖြစ်လို​့ Selena နဲ့ သီချင်းသစ်မှာလဲ မတူညီတဲ့ဆွဲဆောင်မှုတွေကို ဘယ်လိုပေါင်းစပ်ပြီး အံ့အားသင့်စရာရလဒ်နဲ့ ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။

Source : Koreaboo
Written : Dar Dar

Share