Categories: Celebrity News

Kim Jong-kook, Haha နဲ့ Seo Jang-Hoon တို့ပါဝင်လာမယ့် Variety Show အသစ်

နာမည်ကျော် variety စတားတွေဖြစ်တဲ့ Running Man အဖွဲ့ဝင် Kim Jongkook, Haha နဲ့ ဟာသသရုပ်ဆောင် Seo Jang Hoon တို့ဟာ MBC ကထုတ်လွှင့်မယ့် အစားအသောက်ရှိုးတစ်ခုမှာ အတူပါဝင်သွားမယ်လို့ ဩဂုတ်လ ၂၀ ရက်နေ့မှာ soompi သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါ variety show ကိုတော့ ကိုရီးယားရဲ့ chuseok ရက်ရှည်ပိတ်ရက်တွေမှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ‘Red-Cheeked Ramyun Lab’ လို့ အမည်ပေးထားပါတယ်။

တောင်ကိုရီးယားရဲ့ အထင်ကရ အစားအစာတစ်မျိုးဖြစ်တဲ့ အသင့်စားခေါက်ဆွဲကိုအသုံးပြုပြီး ဟင်းအမယ်သစ်တွေကို ချက်ပြုတ်ကြမယ့်အစီအစဉ်ပါ။ ​Ramyun နဲ့ချက်ပြုတ်မယ့်ဟင်းအမယ်သစ်တွေကိုတော့ cast တွေဖြစ်တဲ့ Kim Jong Kook, Haha နဲ့ Seo Jang Hoon တို့က ချက်ပြုတ်သွားမှာဖြစ်ပြီး MC ဖြစ်တဲ့ Sung Si Kyung ကသူတို့ရဲ့ဟင်းလျာတွေကို အကဲဖြတ်ပေးသွားမှာပါတဲ့။

ဒီအနုပညာရှင်တွေအပြင် နာမည်ကြီး ကိုရီးယားစားသောက်ကုန်လုပ်ငန်းတစ်ခုရဲ့ သမီးကြီးဖြစ်တဲ့ Ham Yeon Ji ပါ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ဆိုပါတယ်။

Variety show လောကရဲ့ စတားတွေဖြစ်တဲ့ Kim Jong Kook, Haha, Seo Jang Hoon နဲ့ Sung Si Kyung တို့ပါဝင်မယ့် အစီအစဉ်ဖြစ်တဲ့အပြင် ramyun ကတော့ ကိုရီးယားန်ိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ အစားများတဲ့အသင့်စား စားသောက်ကုန်ဖြစ်တာမို့ Ramyun နဲ့ဘယ်လိုဟင်းလျာမျိုးတွေကို ချက်ပြုတ်ပြကြမလဲဆိုတာလဲ ရင်ခုန်စရာပါ။

Source : Soompi
Written : Dar Dar

Share