Categories: Celebrity News

Harper’s Bazaar ရဲ့အလန်းဇား ဓာတ်ပုံတွေနှင့်အတူ မြင်ရမယ့် Park Seo Joon

အားလုံးရဲ့ အချစ်တော်ကြီး Park Seo Joon ကတော့ Harper’s Bazaar ရဲ့ဓာတ်ပုံတွေနှင့် ပရိတ်သတ်တွေရဲ့ အသည်းကိုခြွေလိုက်ပြန်ပါပြီ။ ဘာဝတ်ဝတ်လိုက်ဖက်နေတဲ့သူမို့ အခုလည်းတောက်တောက်ပပ ဖက်ရှင်တွေနှင့် အလွန်အမင်းကြည့်ကောင်းနေတာကို အားလုံးလည်းတွေ့မှာပါ။

Park Seo Joon ရဲ့အခုပြုလုပ်ထားတဲ့ Photoshot ဟာဆိုရင် နာမည်ကြီး Brand ဖြစ်တဲ့ Harper’s Bazaar နဲ့ Luxury sofa brand တစ်ခုဖြစ်တဲ့ ESSA တို့ကပူပေါင်းပြီး ရိုက်ကူးထားတဲ့ Project တစ်ခုလည်းဖြစ်ပါတယ်။

Bazzar ရဲ့အရောင်အသွေးစုံလင်လှတဲ့ အကျီင်္ဒီဇီဒိုင်းတွေနှင့်အတူ Park Seo Joon ရဲ့ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပိုစ့်အကြမ်းကြီးတွေကိုလည်း တွေ့ရတာမို့ ပရိတ်သတ်တွေကတော့ အရမ်းသဘောကျနေကြပါတယ်။

အင်တာဗျူးမေးမြန်းရာမှာလည်း Park Seo Joon က ” ကျွန်တော်က ပရိတ်သတ်တွေကို သရုပ်ဆောင်ပညာနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ဘက်က ကြိုးစားမှုတွေကိုလည်း ပရိတ်သတ်တွေဘက်ကလည်း အသိအမှတ်ပြုပေးကြတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။

လူတွေအားလုံးကို ကောင်းမွန်တဲ့အရာတွေသာ ပေးနိုင်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲ ကျွန်တော်မျှော်လင့်တော့ပါတယ်” ဆိုပြီးသူ့ရဲ့ ပရိတ်သတ်အပေါ်ထားရှိတဲ့ စိတ်သဘောထားကိုလည်း ပြောပြခဲ့ပါတယ်။

Park Seo Joon ရဲ့အနုပညာအပေါ်ခံယူချက်နဲ့ ပရိတ်သတ်အပေါ်ထားရှိတဲ့ သဘောထားကတော့ တကယ့်ကိုလေးစားစရာပါပဲ။ ဒါ့ကြောင့်မို့လည်း Park Seo Joon ဟာဘာလုပ်လုပ် အောင်မြင်နေတာပါ။

အခုလို ပရိတ်သတ်ကိုအလေးထားတဲ့ Park Seo Joon တစ်ယောက် အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။

Source: Allkpop
Written: Phoo Phoo

Share