Categories: Celebrity News

မြန်မာငွေ သိန်း ၅ သောင်းကျော် တဲ့ ဇိမ်ခံအိမ်ကြီးကို ဝယ်လိုက်တဲ့ Lee Jong Suk

စစ်မှုထမ်းနေဆဲကာလဖြစ်တာကြောင့် ပရိတ်သတ်တွေနဲ့ အနည်းငယ်အဆက်အသွယ်ပြတ်နေတဲ့ Lee Jong Suk ကတော့ သတင်းကောင်းတစ်ခုနဲ့ ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အဲ့ဒါကတော့ ကိုရီးယားဝမ် ၅ ဘီလီယံ (USD 4.2 မီလီယံ) တန်တဲ့ ဇိမ်ခံ villa ကြီးကို ဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းပါ။ သူဝယ်ယူခဲ့တဲ့နေအိမ်ကြီးကတော့ ‘Nine One Hannam’ လို့ခေါ်တဲ့ ကိုရီးယားရဲ့ တန်ဖိုးအမြောက်ဆုံး အိမ်ရာမှာတည်ရှိတာပါ။

အဆိုပါ အိမ်ရာဟာ လုံခြုံရေးအဆင့်အတန်းလဲ မြင့်လွန်းတာကြောင့် အခြားသော နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ G-Dragon နဲ့ Joo Ji Hoon တို့လဲ နေထိုင်တယ်လို့ allkpop သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Lee Jong Suk ကတော့ Gangnam Shinsa-Dong ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့ကိုယ်ပိုင်အဆောက်အဦကိုရောင်းချပြီးနောက်မှာ ‘Nine One Hannam’ က ဇိမ်ခံအိမ်ကြီးကို ဝယ်ယူလိုက်တာပါ။

ထိုအဆောက်အဦကိုလဲ (3.2 million USD) နဲ့ဝယ်ယူခဲ့ပြီး ၄ နှစ်အကြာမှာ (5 million USD) နဲ့ ရောင်းထွက်ခဲ့တာမို့ အနုပညာကြေးအမြင့်ဆုံးမင်းသားတွေထဲမှာလဲ ပါဝင်တဲ့ Lee Jong Suk ဟာ အိမ်ခြံမြေစျေးကွက်နဲ့လဲ အကျိုးပေးတဲ့ သူဌေးလေးတစ်ဦးလို့တောင် ဆိုရမလိုပါပဲ။

Source: Allkpop
Written: Dar Dar

Share