Categories: Celebrity News

ရည်းစားမရှိသေးတဲ့ Single ထိုင်းမင်းသားချောများ

ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကတော့ လူအများရဲ့ စိတ်ဝင်စားမှုကို အများဆုံးခံရတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက်ကလည်း ကိုယ်အားပေးရတဲ့၊ ကိုယ်ချစ်ခင်ရတဲ့ အနုပညာရှင်တွေရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းပုံတွေကိို စိတ်ဝင်စားမှာ အမှန်ပါပဲ။ အချစ်ရေးဆိုရင် လျှို့ဝှက်တတ်သူကြတဲ့အနုပညာရှင်အများစုရဲ့ သတင်းကို သိရသလောက် ပြောပြပေးလိုက်ပါတယ်နော်။

(၁) Alek Teeradetch

မင်းသားချောလေး Alek Teeradetch ကတော့ ၂၀၂၀ ဇွန်လမှာ သူရဲ့ကောင်မလေးဖြစ်သူနဲ့ လမ်းခွဲလိုက်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ကောင်မလေးဖြစ်သူ Toey Jarinporn နဲ့ ၃ နှစ်တိုင်တိုင်ကြာအောင် လက်တွဲခဲ့ကြပြီးမှ အခုလိုလမ်းခွဲလိုက်ရတာပါ။ Alek Teeradetch နဲ့ Toey Jarinporn ကို ချစ်ခင်ကြတဲ့ ပရိတ်သတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြမှာ အမှန်ပါပဲနော်။

(၂) Great Warintorn

Great Warintorn ကလည်း သူ့ရဲ့ကောင်မလေးနဲ့ ၃ နှစ်ကြာအောင် လက်တွဲခဲ့ပြီးမှ လမ်းခွဲခဲ့ရတယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Great Warintorn ဟာ သူရဲ့အချစ်ရေးနဲ့ ပတ်သတ်ရင်လျှို့ဝှက်တတ်သူတစ်ယောက်လည်း ဖြစ်တာကြောင့် ပရိတ်သတ်တွေက စိတ်ဝင်စားလျှက်ရှိပါတယ်။

(၃) Porshe Saran

၂၀၁၈ နိုဝင်ဘာမှာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲပြီးတဲ့နောက် Porshe Saran တစ်ယောက်ကတော့ သူရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး ဘာသတင်းမှမထွက်တော့ပါဘူး။ (ဒါပေမယ့် မကြာသေးခင်ကမှ Porshe Saran က Nang Rai ရုပ်ရှင်ဇာတ်လမ်းတွဲထဲက မင်းသမီး Dao Pimthong နဲ့ တွဲနေပြဆိုပြီတော့ Daradaily ကနေ ပြောကြားထားပါတယ်။)

(၄) Bank Thiti

ယခုအချိန်မှာတော့ ပရိတ်သတ်အချစ်တော် Bank Thiti ကတော့ Single စစ်တစ်ယောက်ပါနော်။ ၂၀၂၀ နှစ်အစပိုင်းလောက်ကတင် သူရဲ့ချစ်သူဖြစ်တဲ့ Bee နဲ့ လမ်းခွဲလိုက်ပြီဆိုပြီး ပရိတ်သတ်တွေကို အသိပေးကြေငြာခဲ့တာပါ။ Bee က အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ပါဘူး။

(၅) Boy Pakorn

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Boy Pakorn တစ်ယောက်ကတော့ မိန်းမရှုပ်တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ ကောလဟာလတွေကို ဖြေရှင်းရင်းသူဟာ ယခုအချိန်ထိ လူလွတ်စစ်စစ်ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။ သူဟာ ကား Brand တစ်ခုရဲ့ Presenter လည်းဖြစ်သလို အလုပ်သဘောအရ အမျိုးသမီးများနဲ့ အမြဲအလုပ်တွဲလုပ်နေရတာကို အထင်မှားနေကြတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

ဆိုတော့ ပရိတ်သတ်ကြီးကလည်း မင်းသားချောတွေရဲ့ အချစ်ရေးကိုလည်း သိခဲ့ရပြီဆိုတော့ အထင်အမြင်တွေကိုလည်း ပြောပြပေးသွားပါဦး။

Source: Thai Update
Written: S.Kaung

Share