Categories: Celebrity News

Show Me The Money 9 ရဲ့ Producer တွေက ဘယ်သူတွေဖြစ်မလဲ

Show Me The Money ရဲ့ ပရိသတ်တွေများ ရှိကြရဲ့လားမသိဘူး? ခုဆိုရင်တော့ Show Me The Money 9 မှာ ပါဝင်သွားမယ့် Producer စာရင်း ပေါ်ထွက်လာပါပီ။ Show Me The Money Rap ပြိုင်ပွဲတွေကို ကျင်းပလာလိုက်တာ ယခုဆိုရင် Season 9 ကိုတောင် ရောက်ရှိလာပီ ဖြစ်ပါတယ်။ Mnet ကတော့ Show Me The Money 9 မှာ ပါဝင်သွားမယ့် Producer တွေကို ကြေညာသွားခဲ့ပါတယ်။ Team 4 ခုရှိမှာဖြစ်ပြီး ပါဝင်သွားမယ့် Producer တွေကတော့…

1. Zion.T x Giriboy


2. Code Kunst x Paloalto


3. Dynamic Duo x BewhY


4. Justhis x Gyujeong x Hwimin တို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

ဒီ Season ကတော့ Justhis အတွက် ပထမဆုံး Producer အနေနဲ့ ပါဝင်တာဖြစ်ပြီး Show Me The Money 5 ရဲ့ Winner ဖြစ်တဲ့ Bewhy အနေနဲ့လည်း ပထမဆုံး Producer အဖြစ်ပါဝင်ခြင်းပါ။ အခြားအနုပညာရှင်တွေကတော့ ပြသခဲ့တဲ့ Season တွေမှာ Producer အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ Show Me The Money 9 ကိုတော့ 2020 ဒုတိယနှစ်ဝက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။

Source: Soompi
Written: Gyi Gyi

Share