Categories: Celebrity News

လူမုန်းများ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရ ရာမှ အချစ်တော်ဖြစ်လာခဲ့တဲ့ Idol များ

K-Pop လောကမှာတော့ အဖွဲ့အတော်များများဟာ သူတို့ရဲ့ အဖွဲ့ Concept ဖြစ်စေ၊ အဖွဲ့ဝင် Line up ဖြစ်စေတို့မှာ ပြောင်းလဲမှာတွေ ပြုလုပ်ခဲ့ကြရပါတယ်။ အချို့အဖွဲ့တွေကတော့ အဖွဲ့ဝင်အချို့ နှုတ်ထွက်မှုကြောင့် အဖွဲ့ဝင်အသစ်တွေကို ထည့်ခဲ့ရပီး အချို့အဖွဲ့တွေကတော့ အဖွဲ့ဝင်အသစ်ထည့်ကာ ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလို အဖွဲ့ဝင်အသစ်ထည့်တာဟာ လွယ်ကူတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ အဖွဲ့မှာ အသားကျဖို့ လိုက်လျောညီထွေနေဖို့ ကြိုးစားရသလို အချို့ပရိသတ်များရဲ့ မလိုလားမှုတွေကိုပါ ကြုံတွေ့ကြရပါတယ်။

ခုဖော်ပြမယ့် K-Pop idol တွေဟာ အထက်ပါအကြောင်းအရာတွေကြောင့် အဖွဲ့ထဲကို အဖွဲ့ဝင်အသစ်အနေနဲ့ ရောက်ရှိခဲ့ရာမှ ပရိသတ်များနဲ့ Netizen များမှ လျစ်လျူရှုမှုတွေ ခံစားခဲ့ရ ရာမှ စိတ်ရှည်ကြိုးစားမှုတွေနဲ့ သူတို့ရဲ့ အရည်အချင်းတွေကြောင့် ပရိသတ်များရဲ့ လက်ခံမှုကိုရရှိခဲ့ပြီး အခုဆိုရင်တော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေ ဖြစ်နေပီ ဖြစ်တဲ့ Idol တွေပဲ ဖြစ်ပါတယ်။

1. Super Junior Kyuhyun

မူလအစကတော့ Super Junior ကို နှစ်စဉ်နှစ်တိုင်း အဖွဲ့ဝင်ပြောင်းလဲမှုတွေပြုလုပ်မယ့် အဖွဲ့ဝင် ၁၂ ဦးပါအဖွဲ့အဖြစ် စီစဉ်ထားခဲ့တာပါ။ သို့သော်လည်း SM မှ ၁၃ ယောက်မြောက် အဖွဲ့ဝင်အဖြစ် Kyuhyun ကိုထည့်သွင်းခဲ့ပီး Member fixed အဖွဲ့အဖြစ် ပြုလုပ်ဖို့ ပြောင်းလဲခဲ့ပါတယ်။

ဒီလိုသတင်းစကားကိုတော့ Netizen တွေမှ သဘောမကျခဲ့ပါဘူး။ ပရိသတ်အချို့နဲ့ Netizen တွေပြောခဲ့တာကတော့ ၁၃ ဆိုတာ Unlucky number ဖြစ်တဲ့အပြင် အဖွဲ့ဝင် ၁၃ ယောက်နဲ့အဖွဲ့ဟာ လူများလွန်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

သို့သော်လည်း Kyuhyun ကတော့ သူဟာ အဖွဲ့မှ အားထားရတဲ့ Main Vocal တစ်ယောက်ဖြစ်ကြောင်း ပြသနိုင်ခဲ့ပီး ယခုဆိုရင်တော့ K-Pop လောကရဲ့ အကောင်းဆုံး အဆိုရှင်တွေထဲမှ တစ်ယောက်အဖြစ်ပါ ဖြစ်လာပါပီ။ ဒါ့အပြင် ဟာသဉာဏ်ရွှင်တဲ့ Kyuhyun ဟာ အဖွဲ့ရဲ့ ချစ်စရာကောင်းတဲ့ အငယ်ဆုံးအဖြစ် တည်ရှိနေပီး အဖွဲ့ဝင်တွေနဲ့ ELFs တွေရဲ့ အသည်းကျော်လေး ဖြစ်လာပါတယ်။

2. Red Velvet Yeri

Red Velvet ဟာ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ဝင် ၄ ယောက်နဲ့ ပွဲဦးထွက်ခဲ့တာပါ။ ပွဲဦးထွက်ခဲ့တဲ့အချိန်တည်းက အောင်မြင်မှုရခဲ့တဲ့ Red velvet ကို အဖွဲ့ဝင်အသစ်တစ်ဦး ထည့်မယ်ဆိုတဲ့ သတင်းကို SM မှ ကြေညာခဲ့တဲ့အခါမှာတော့ လူအများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။

Yeri ပထမဆုံး ပွဲဦးထွက်ခဲ့တာကတော့ Ice Cream Cake နဲ့ဖြစ်ပါတယ်။ ဒီ albumn ထွက်ရှိပီးနောက် ပရိသတ်အချို့ဟာ Yeri ကို အမှန်တကယ် အဖွဲ့မှာ ထည့်ဖို့လိုအပ်ရဲ့လားဆိုကာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ Yeri ဟာ အဆို၊ အက၊ ရုပ်ရည်ပိုင်းမှာပါ ထင်ပေါ်မနေဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

သို့သော်လည်း Red Velvet 1st win ရခဲ့ပီးတဲ့နောက်မှာတော့ အားလုံးဟာ လက်ခံလာကြပါတယ်။ ငယ်ရွယ်တဲ့ Yeri ကိုအဖွဲ့ဝင်အဖြစ် ထည့်ခဲ့ခြင်းဟာ အဖွဲ့ရဲ့ပုံရိပ်ကို ပိုမို တက်ကြွစေခဲ့ပြီး အသက်အရလည်း Balanced ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Yeri ရဲ့ တက်ကြွပြီး ချစ်စရာကောင်းတဲ့ စိတ်ထားကြောင့် ယခုဆိုရင်တော့ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်သာမက အခြား K-Pop idol အချို့ရဲ့ အချစ်တော်လေးပါ ဖြစ်လာခဲ့ပါပီ။

3. Girls’ Day Hyeri

Hyeri ကို Girls Day အဖွဲ့ကိုစတင်ဝင်ေရာက်ခဲ့စဉ်က လူကြိုက်အနည်းဆုံး၊ ပရိသတ် လျစ်လျူရှုခံခဲ့ရတဲ့ အဖွဲ့ဝင်အနေနဲ့ တည်ရှိခဲ့တာပါ။ မူလအစက Girls Day ဟာ Sojin, Minah, Jihae, Jisun နဲ့ Jin ဆိုတဲ့ အဖွဲ့ဝင် ၅ ယောက်ပါဝင်ခဲ့တာပါ။ သို့သော်လည်း Jisun နဲ့ Jin ထွက်ခွါပီးတဲ့နောက်တော့ Yuri နဲ့ Hyeri ကို အစားထိုးထည့်သွင်းခဲ့ပါတယ်။

Girls Day အဖွဲ့ဟာ Something မထွက်ခင်အချိန်အထိ ထင်သလောက် အောမြင်မှုမရခဲ့ပါဘူး။ ဒါ့အပြင် Hyeri နဲ့ H.O.T အဖွဲ့မှ Tony နဲ့ Dating ထွက်လာတဲ့အခါမှာတော့ ကွာခြားတဲ့ အသက်အရွယ်ကြောင့် ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သို့သော်လည်း 2014 Real Men အစီအစဉ်မှာ ပါဝင်မှုပြီးတဲ့နောက်မှာတော့ Hyeri ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံတွေကို လူအများအပြားဟာ သတိထားမိလာပါတော့တယ်။ ထို့နောက် “Reply 1998” မှာ ပါဝင်သရုပ်ဆောင်ပီးတဲ့နောက်မှာတော့ အောင်မြင်မှု အထွတ်အထိတ်ရောက်ခဲ့ပီး ယခုဆိုရင်တော့ အားလုံးရဲ့အချစ်တော်ဖြစ်လာခဲ့ပါတယ်။

Source: Kpopstarz
Written: Gyi Gyi

Share