Categories: Celebrity News

BlackPink Jisoo နဲ့အတူ Jung Hae In နဲ့ Kim Hye Yoon တို့ပါ ပါဝင်သွားမယ့် Snowdrop

Snowdrop ကတော့ BLACKPINK Jisoo ပါဝင်သရုပ်ဆောင်မယ်လို့ ကြေညာထားတဲ့ JTBC ရဲ့ ဇာတ်လမ်းတွဲသစ်ပါ။ Sky Castle, Extraordinary You စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ချစ်ခင်မှု အပြည့်အဝရရှိထားတဲ့ Kim Hye Yoon လည်း ဒီဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပါပီ။

Kim Hye Yoon ရဲ့ အတည်ပြုပြီးသတင်း မကြာခင်မှာပဲ မင်းသားချော Jung Hae In အား ခေါင်းဆောင် မင်းသားနေရာအတွက် ကြေညာအတည်ပြုခဲ့ပါတယ်။ တကယ့်ကို သတင်းကောင်းပါပဲ။

Snowdrop ကိုတော့ Yoo Hyun Mi မှ ဇာတ်ညွှန်းရေးသားထားတာဖြစ်ပြီး ဒါရိုက်တာကတော့ Jo Hyuk Tak ပါ။ သူတို့နှစ်ဦးကတော့ Hit drama ဖြစ်တဲ့ SKY Castle ရဲ့ ဇာတ်ညွှန်းရေးသားသူနဲ့ ဒါရိုက်တာများပဲ ဖြစ်ကြပါတယ်။

ဒါ့ကြောင့် SKY Castle နဲ့ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ Kim Hye Yoon အတွက်တော့ မိမိ Team နဲ့ ပြန်လည်တွေ့ဆုံခြင်းလို့ ပြောလို့ရပါတယ်။ Snowdrop ကတော့ BLACKPINK Jisoo အတွက်လည်း ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရမယ့် ဇာတ်လမ်းတွဲပါ။

Kim Hye Yoon နဲ့ Jisoo နှစ်ဦးလုံးရဲ့ ဇာတ်ကောင်တွေဟာ ခေါင်းဆောင်မင်းသမီး ကာရိုက်တာတွေဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ အပြုံးချိုချိုလေးနဲ့ Jung Hae In ပါ ပါဝင်သွားမယ်ဆိုတဲ့ သတင်းရဲ့ နောက်မှာတော့ Snowdrop အတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုနှုန်းကတော့ ပိုမို မြင့်တက်လာခဲ့ပါပြီ။

Jung Hae In, Jisoo နဲ့ Kim Hye Yoon တို့အပြင် SKY Castle ရဲ့ ပဲ့ကိုင်သူတွေ ပုံဖော်သွားမယ့် Snowdrop ကတော့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်လာမှာ အသေအချာပါပဲနော်။

Source: Soompi
Written: Gyi Gyi

Share