Categories: Celebrity News

တောင်ကိုရီးယားထိပ်တန်းအနုပညာရှင်များနှင့် သူတို့၏အိမ်ခြံမြေပိုင်ဆိုင်မှုများ

တောင်ကိုရီးယားအနုပညာရှင်တွေထဲမှာ အိမ်တွေ၊တိုက်ခန်း၊ ပြတိုက်တွေ ပိုင်ဆိုင်ကြတဲ့ အနုပညာရှင်တွေများစွာရှိပါတယ်။ အနုပညာဝင်ငွေလည်းကောင်းတဲ့အတွက် သူတို့အတွက်နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုကတော့ အိမ်၊ခြံမြေနှင့်ပက်သက်ပြီး လုပ်ကြတာပါ။

အာမခံချက်လည်းရှိတဲ့အပြင် လစဉ်ပုံမှန်ဝင်ငွေလည်းရနိုင်တာကြောင့် အနုပညာရှင်အတော်များများက စုမိဆောင်းမိလာကြပြီရင် အိမ်၊ခြံ၊မြေစီးပွားရေးဘက်ကို ကူးလေ့ရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အိမ်၊ခြံ၊မြေ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ နာမည်ကြီးအနုပညာရှင်တွေပါ။

1.Rain & Kim Tae Hee
သူတို့နှစ်ယောက်ကတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်းဇနီးမောင်နှံလို့တောင် ပြောရမယ်ထင်ပါတယ်။ နှစ်ယောက်ပေါင်းပြီး ပိုင်ဆိုင်မှုတွေအားလုံးက (USD 42.8 million) အကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။။

Kim Tae Hee အနေနှင့် (US$ 5.1 million) တန်သည့်အပန်းဖြေစံအိမ်တစ်ခု၊ (US$ 11.1 million) တန်ကြေးရှိ Gangnam မှအဆောက်အဦးတစ်ခုနှင့် အခြားအိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီးမြုတ်နှံထားသည့်ငွေ (US$ 17.1 million) ရှိတယ်လို့သိရပါတယ်။ Rain ကတော့ Cheongdamမှာ (US$ 5.3 million)တန်ကြေးရှိတဲ့ အပန်းဖြေအိမ်တစ်ခုနှင့် (US$ 21.4 million) ရှိတဲ့ ရှောပင်းစင်တာတစ်ခုပိုင်ဆိုင်ထားပါတယ်။

2. Song Hye Kyo
သူမကတော့ အိမ်ခြံမြေ စီးပွားရေလောကမှာလည်း နာမည်ကြီးတဲ့ အနုပညာရှင်တစ်ဦးပါ။ ဘာဖြစ်လို့လဲဆိုတေယ့ သူမပိုင်ဆိုင်ထားတဲ့ အိမ်၊အဆောက်အဦးများဟာ အချက်အချာကျတဲ့နေရာများမှာလည်းရှိတဲ့အပြင်၊ ကာလတန်ကြေးအားဖြင့်လည်း အတော်လေးစျေးမြောက်လို့ပါတဲ့။

သူမရဲ့အိမ်သုံးလုံးကတော့ Samseong-dong မှာရှိတယ်လို့ပဲ သိရပါတယ်။ ထိုအထဲမှတစ်လုံးကိုတော့ ပြီးခဲ့တဲ့ဧပြီလတုန်းက (US$ 7 million) နှင့်ရောင်းချလိုက်ပါတယ်။ New Yorkမှာရှိတဲ့ သူမရဲ့တိုက်ခန်းကိုလည်း ၂၀၁၈ခုနှစ်မှာ ရောင်းချလိုက်ပါတယ်။

3. Jung Ji Hyun
2017 ခုနှစ်မှာ မင်းသမီး Jun Ji Hyun ဟာ Gangnam ရပ်ကွက်ရှိ အဆောက်အဦးတစ်ခုကို ဝယ်ခဲ့ပါတယ်။ အဆိုပါ အဆောက်အဦးကတော့ (US$ 8.5 million) တန်ကြေးရှိတယ် သိရပါတယ်။


ဒီမတိုင်ခင်မှာလည်း Jun Ji Hyun ဟာ Gangnam မှာရော၊ Yongsan မှာပါအဆောက်အဦးပိုင်ဆိုင်မှုတွေလည်း ရှိထားပါတယ်။ ထိုပိုင်ဆိုင်မှုတွေကလည်း ယခုအချိန်မှာတန်ဖိုးများ မြင့်တက်နေတာကြောင့် သူမကအိမ်ခြံမြေပိုင်ရှင်တွေထဲမှာ အချမ်းသာဆုံးစာရင်းဝင်သူတစ်ဦး ဖြစ်လာပါတယ်။

4.Daesung
BigBang အဖွဲ့ဝင် Daesung ကတော့ 2017 ခုနှစ်မှာ လူအများကို သူ့ရဲ့အဆောက်အဦးဝယ်လိုက်ပြီ ဆိုတဲ့သတင်းနှင့် အံအားသင့်စေခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ အဆောက်အဦးဟာ အထပ်ပေါင်း ၈ထပ်ပါဝင်ပြီး မြေအောက်ကားပါကင်နှစ်ခုလည်း ပါသေးပါတယ်။

5. G-Dragon
2017 ခုနှစ်မှာတော့ Kpop လောကရဲ့ဘုရင်တစ်ဆူဖြစ်တဲ့ G-Dragon ကတော့ Cheongdam ရပ်ကွက်မှာ (US$ 7.86 millon) တန်ကြေးရှိတဲ့ အဆောက်တစ်ဦးတစ်ခုကို ဝယ်ယူခဲ့ပါတယ်။ မကြာသေးမီကလည်း G-Dragon ဟာ Hannam ရပ်ကွက်မှာ (US$ 7.3 million)တန်ဖိုးရှိ တိုက်ခန်းတစ်ခုကိုလည်း ပြောင်းရွေ့နေထိုင်လိုက်ပါတယ်။

6.Suzy
TMI သတင်းမှ Suzy ဟာအိမ်ကြီးအိမ်ကောင်းတွေပိုင်ဆိုင်တဲ့ အမျိုးသမီးအဆိုတော်စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သူမရဲ့နေထိုင်တဲ့ အိမ်ရဲ့တန်ဖိုးဟာ (US$ 3.3 million) ပေါက်စျေးရှိပါတယ်။


Gangnam ရပ်ကွက်မှာလည်း (US$ 3 million) တန်ကြေးရှိ အဆောက်အဦးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး လစဉ်အိမ်ငှါးများဆီကနေ (US$ 13400) အိမ်ငှါးစရိတ်ရရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: Scmp
Written: Phoo Phoo

Share