အားလုံးသိကြတဲ့အတိုင်း Kpop Idol တွေဟာအဆိုအက ပိုင်နိုင်ရုံမကပဲ အချိုးအစားပြေပြစ်တဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားရှိရပါတယ်။ ဒါကြောင့်သူတို့တွေဟာ ခန္ဓာကိုယ်လှပသန်မာမှုကိုထိခိုက်စေမယ့်အချို့အစားအစာတွေကို စားခွင့်မရှိပါဘူး။ အခုတော့ idol တွေကို သူတို့အေဂျင်စီတွေက လုံးဝမစားရဘူးလို့ ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပေါင်မုန့်
ပေါင်မုန်တွေဟာ ဂျုံနဲ့ပြုလုပ်ထားပြီး ကစီဓာတ်တွေလည်းအများကြီးပါတာမို့ ဝိတ်ထိန်းရတဲ့သူတွေအတွက်တော့ လုံးဝ လုံးဝမစားသင့်တဲ့အစားအသောက်ပါဆိုပြီး အေဂျင်စီတွေကတားမြစ်တတ်ကြပါတယ်။ AOA အဖွဲ့ဝင် Seolhyun ဆိုလည်း သူမကပေါင်မုန့်ကိုအရမ်းကြိုက်ပေမယ့် ဝိတ်ချဖို့လိုတာကြောင့် အေဂျင်စီကမစားဖို့တားမြစ်ခဲ့ပါတယ်တဲ့။
ခေါက်ဆွဲ
ခေါက်ဆွဲတွေကလည်း ပေါင်မုန့်လိုပဲ ကစီဓာတ်တွေအများအပြားပါဝင်တဲ့ အစားအစာပါ။ ဒါပေမယ့်လည်း ကိုရီးယားနိုင်ငံကအသင့်စားခေါက်ဆွဲ Ramyeon တွေက စားကောင်းလွန်းလို့ ကမ္ဘာတစ်လွှားနာမည်ကြီးတာကြောင့် ရှောင်ကြဉ်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ကိစ္စပေမယ့် Idol တွေလိုယုံကြည်ချက်ပြင်းထန်းတဲ့သူတွေကတော့ ကြိုးကြိုးစားစား ရှောင်ခဲ့ကြရပါတယ်တဲ့။
BTS အဖွဲ့ဝင် RM ဆိုလည်း သူတို့အဖွဲ့အခွေသစ်ထွက်ပြီး promotion ဆင်းတဲ့ကာလမျိုးတွေဆို ခေါက်ဆွဲစားလို့မရကြပါဘူးတဲ့။ သူဆိုမနေနိုင်လို့ တစ်ခါ နားနခန်းသွားမယောင်နဲ့ အနီးဆုံးဆိုင်ကိုသွားပြီး ခေါက်ဆွဲတစ်ပွဲမြန်မြန်စားခဲ့ဖူးတယ်လို့ ဝန်ခံဖူးပါတယ်။
ထမင်း
တကယ်တော့ ထမင်းဆိုတာ အာရှသားတွေရဲ့ အဓိကအစားအစာပါ။ ဒါပေမယ့် k idol တွေကတော့ ထမင်းကိုတတ်နိုင်သလောက်မစားကြရပါဘူး။ ထမင်းဟာ ကယ်လိုရီတွေလည်းအများကြီးပါပြီး ဝိတ်တက်စေတဲ့ အစားအစာမို့လို့ပါတဲ့။
သူတို့တွေက Brown Rice လို့ခေါ်တဲ့ဆန်လုံးညိုကိုတော့ လိုအပ်ရင်စားခွင့်ရှိပါတယ်တဲ့။ ဒါလည်း တော်တော်လိုအပ်မှပါ။ သူတို့တွေဟာ ထမင်းတင်မက ဆန်နဲ့ပြလုပ်တဲ့ တော့ပိုကီလိုမုန့်မျိုးကိုတောင် စားခွင့်မရကြပါဘူးတဲ့။
Jokbal (ဝက်ခြေထောက်ပေါင်း)
ကိုရီးယားပရိတ်သတ်ဆိုရင် ဒရမ်မာတွေထဲမှာ ကိုရီးယားစတိုင် ဝက်ခြေထောက်ပေါင်းနူးနူးအိအိ တွေ့ဖူးကြမှာပါ။ အသားမရှောင်တဲ့သူဆိုရင်လည်း စားချင်စရာကြီးလို့တွေးဖူးကြမှာပါ။
ဒါပေမယ့် ဝက်သားကလည်း ကယ်လိုရီများတဲ့အပြင် သူတို့ချက်တဲ့ပုံစံကလည်း အဆီအနှစ်များများနဲ့ဝိတ်တက်စေနိုင်တာမို့ Idol တွေခမျာမစားရရှာပါဘူးတဲ့။ Twice က Tzuyu ဆိုရင် သူမနဲ့ အခြား member တွေ ကင်မရာမရှိတဲ့နေရာသွားပြီး Jokbal တစ်လုပ်နှစ်လုပ်လောက် အသည်းအသန်စားဖူးပါတယ်တဲ့။
Burger
ပေါင်မုန်တောင်မစားရတာ Burger ဆိုဝေးရောလို့ပြောရမလိုပါပဲနော်။ အနောက်တိုင်းအစားအစာပေမယ့် တစ်ကမ္ဘာလုံးမှာ Burger မကြိုက်တဲ့သူဆိုတာရှားပါတယ်။
Idol တွေအနေနဲ့လည်း ကြိုက်မှာပေမယ့် ဝိတ်တက်စေမယ့် အစားအစာမို့ရှောင်ခဲ့ရပါတယ်တဲ့။ ASTRO အဖွဲ့ဝင် Cha Eun Woo ဆိုရင်သူ training ဆင်းနေတုန်းက burger ကိုရံဖန်ရံခါ တိုးတိုးတိတ်တိတ်စားတတ်ပါတယ်လို့ ဝန်ခံဖူးပါတယ်။
Source : KpopStarz
Written : Helra