K-Pop အဖွဲ့တစ်ဖွဲ့ရဲ့ အောင်မြင်မှုကို ကြည့်ချင်ရင် သူတို့ရဲ့ Concert တွေဘယ်လောက်အောင်မြင်မှု ရထားလဲဆိုတာနဲ့ ခန့်မှန်းလို့ရပါတယ်။ Concert တစ်ခုကို သွားနိုင်ဖို့အတွက် ကုန်ကျတဲ့ ငွေကြေးတွေက မနည်းပါဘူး။
ဒါ့ကြောင့် Concert တစ်ခုရဲ့ အောင်မြင်မှုဆိုတာ ဒီလိုများပြားတဲ့ငွေကြေးကို အကုန်ကျခံပြီး ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် ဘယ်လောက်တောင်ရှိနေလဲဆိုတာကို ပြသနေတာပါပဲ။
K-Pop အဖွဲ့များစွာထဲမှာမှ အမေရိကန် ဒေါ်လာပေါင်းသိန်းချီ သန်းချီကို သိမ်းပိုက်နိုင်ခဲ့တဲ့ Concert တွေကျင်းပနိုင်ခဲ့တဲ့အဖွဲ့ အနည်းငယ်သာရှိပါတယ်။
ဘယ်အဖွဲ့တွေလည်း ဆိုတာကြည့်ရအောင်နော်။ ဒီ Order ကတော့ Tourအတွက် Concert တွေရဲ့ ပျမ်းမျှငွေကြေးရရှိမှုအပေါ် အခြေခံထားတာပါ။
9. Red Velvet – REDMARE TOUR ( 5 cities and 6 shows in the U.S)
Red Velvet- REDMARE TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၂၉၇၉ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၁၇၈၇၆ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၂ သန်းကျော်ပါ။
8. SuperM – WE ARE THE FUTURE TOUR (9 Cities and 9 Shows)
SuperM- WE ARE THE FUTURE TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၈၁၉၉ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၄၀၉၉၈ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄ သိန်း ၈ သောင်းကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၂ သန်းကျော်ပါ။
7. Stray Kids – DISTRICT 9: UNLOCK TOUR ( 8 Cities and 8 Shows)
Stray Kids – DISTRICT 9 TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၃၉၉၃ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၁၅၉၇၀ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၂ သန်းကျော်ပါ။
6. SEVENTEEN – ODE TO YOU TOUR ( 7 cities and 7 Shows)
SEVENTEEN – ODE TO YOU TOUR Show ၇ ခုအနက် ၃ခုရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၅၄၃၆ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၁၆၃၀၇ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆ သိန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၁သန်း ၈ သောင်းကျော်ပါ။
5. NCT 127 – NEO CITY TOUR – The Origin ( 9 Cities and 10 Shows)
NCT127 – NEO CITY TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၄၇၆၆ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၄၇၆၅၅ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆သိန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၇ သန်းနီးပါးပါ။
4. GOT7 – KEEP SPINNING TOUR ( 4 Cities and 4 Shows)
GOT7 – KEEP SPINNING TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၆၄၁၂ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၂၅၆၅၂ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇သိန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၃ သန်းနီးပါးပါ။
3. TWICE – TWICELIGHTS TOUR ( 3 Cities and 3 Shows)
TWICE – TWICELIGHTS TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၉၃၄၅ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၂၈၀၃၅ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁ သန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၃ သန်းကျော်ပါ။
2. BLACKPINK – IN YOUR AREA TOUR ( 5 Cities and 6 Shows)
BLACKPINK- IN YOUR AREA TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၁၀၈၁၅ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၆၄၈၉၃ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁ သန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၉ သန်းကျော်ပါ။
1. BTS – SPEAK YOURSELF TOUR ( 3 cities and 6 shows)
BTS- SPEAK YOURSELF TOUR ရဲ့ Concert တွေရဲ့ ပျမ်းမျှပရိသတ်တက်ရောက်ခဲ့နှုန်းကတော့ ၄၉၉၆၂ ယောက်ဖြစ်ပြီး စုစုပေါင်း တက်ရောက်ခဲ့သူအရေအတွက်ကတော့ ၂၈၈၇၇၀ ယောက်ဖြစ်ပါတယ်။ ပျှမ်းမျှငွေကြေးရရှိခဲ့မှုနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇ သန်း ကျော် ဖြစ်ပြီး စုစုပေါင်းရရှိငွေကတော့ အမေရိကန်ဒေါ်လာပေါင်း ၄၃ သန်းကျော်ပါ။
CONGRATULATIONS TO ALL THE ARTISTS!!!
Source: Koreaboo
Written: Gyi Gyi