Categories: Celebrity News

ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်ကြောင့် လူထုဆီကပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတဲ့ idol (၇) ဦး

တောင်ကိုရီးယားပြည်သူအများစုဟာ ပြည့်ပြည့်ဖြိုးဖြိုး idol တွေကိုသဘောမကျတတ်ကြပါဘူး။ ဒါ့ကြောင့် idol တော်တော်များများက ဝိတ်ကိုအထူးတလည်ထိန်းရပြီး အကြောင်းအမျိုးမျိုးကြောင့် ဝိတ်တက်လာရင်လည်း လူထုဆီက မကောင်းတဲ့ဝေဖန်သံတွေကြားရလေ့ရှိပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ ဝလိုဆိုပြီး မစာမနာဝေဖန်ခံခဲ့ရတဲ့ idol တွေအကြောင်းပဲဖြစ်ပါတယ်။

Super Junior’s Shindong


Shindong က debut ကာစကာလတွေကတည်းကပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ပုံပန်းသွင်ပြင်ထက် အရည်အချင်းကိုဦးစားပေးတတ်သူတစ်ယောက်ပါ။

ဒါပေမယ့် လူတွေအများကြီးရဲ့ မကောင်းတဲ့ဝေဖန်သံတွေကို အကြားကြီးနားထောင်ခဲ့ပြီးနောက်မှာ သူဟာ အံဩစရာကောင်းလောက်အောင်ဝိတ်ချပြခဲ့ပါတယ်။ ဒီလိုဝိတ်ချခဲ့ပြီးနောက်မှာလည်း သူ့ရဲ့ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးကပြောင်းလဲမသွားပါဘူးနော်။

Red Velvet’s Wendy


Red Velvet အဖွဲ့ဝင် Wendy ဟာ နူးနူးညံညံချိုသာတဲ့အသံပိုင်ရှင်ဖြစ်ပြီး အင်္ဂလိပ်စကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူပါ။

ဒါ့အပြင် Member တွေအကုန်လုံးနဲ့ရော အခြား idol တွေအပေါ်ပါဖော်ဖော်ရွေရွေဆက်ဆံတတ်ပြီး စိတ်ရင်းကောင်းသူတစ်ယောက်ပါ။ ဒီလိုလူမျိုးကို ဝလို့ဆိုပြီးဝေဖန်ခဲ့ကြလို့ Wendy တစ်ယောက်ဝိတ်ချခဲ့ရပါတယ်။

IU


IU ကလည်း သူမရဲ့ Debut ကာစနေ့ရက်လေးတွေမှာ ပြည့်ပြည့်ဖြိုးဖြိုးကောင်မလေးပါ။ ဒါကိုသူမကိုဝေဖန်ခဲ့ကြလို့ သူမအနေနဲ့ အပြင်းအထန် diet လုပ်ခဲ့ပါတယ်။

သူမရဲ့ diet plan ကတော်တော်ပြင်းထန်ပြီး ကျန်းမာရေးအတွက်မကောင်းဘူးလို့ လူအများကမှတ်ထျက်ချခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနေ့မြင်တွေရတဲ့ IU ကတော့ ကျန်းကျန်းမာမာနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာမို့ တော်ပါသေးတယ်လို့ဆိုရမှာပါ။

Pristin’s Kyla


Pristin အဖွဲ့က Kyla ကိုလည်း သူမရဲ့မျက်နှာချောချောလေးကိုမှမထောက်ထားပဲ ဝလို့ဆိုပြီးဝေဖန်ခဲ့ကြဖူးပါတယ်။ အခုတော့ သူလဲ idol ဘဝကနေ အနားယူပြီး သာမာန်လူတစ်ယောက်အဖြစ် ပျော်ရွှင်စွာရပ်တည်နေပါပြီ။ သူ့ရဲ့ထွားကြိုင်းတဲ့ ခန္ဓာကိုယ်ကြောင့် ဝေဖန်လဲမခံရတော့ပါဘူး။

TWICE’s Jihyo


နောက်ထပ်တစ်ယောက်ဆီမှာမရှိနိုင်တော့တဲ့အလှမျိုးရှိပေမယ့် Jihyo ကိုလည်း ဝတယ်လို့ဝေဖန်ခဲ့ကြပါတယ်။ တစ်ခါဆို သူမတို့ရဲ့ Music Video ကိုရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူမကိုဝတယ်ဆိုပြီးတည့်ဝေဖန်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် jihyo တို့ကတော့ ဝိတ်တက်လာရင်တောင်မိုက်နေတာပါပဲ။

CL


CL ကိုလည်း အရမ်းဝလာတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါသေးတယ်။ အရင်ကတည်းက CL ကကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူဆိုတော့ အဲဒီအချိန်ကကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် မကြာသေးမီကပဲ သူမရဲ့ဝိတ်ကျသွားတဲ့ပုံစံကိုတွေ့ခဲ့ရပါတယ်။

MAMAMOO’s Hwasa


Hwasa ကို ဝေဖန်ကြတဲ့ကိစ္စတွေအများကြီးထဲမှာဝတယ်ဆိုတဲ့ ကိစ္စလည်း တစ်ခုအပါအဝင်ပါ။ ဒါပေမ်ယ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ Hwasa က ပုံပန်းသွင်ပြင်ကိုဝေဖန်တာလောက်ကိုတော့ အရေးတယူလုပ်မနေခဲ့ပါဘူး။ သူမရဲ့အဲဒီလို ယုံကြည်မှုရှိတဲ့ပုံစံကိုပဲ ပရိတ်သတ်တွေကချစ်နေရတာပါ။

ဖော်ပြပေးခဲ့တာကတော့ ခန္ဓာကိုယ်အချိုးအစားကြောင့်ဝေဖန်ခံခဲ့ရတဲ့ Idol တွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် idol တွေက ပြောခံရရင် ကိုရီးယားလူထုအလိုပ ဝိတ်ချပေးတဲ့သူကများပါတယ်။ နိုင်ငံတကာက ရုပ်ရည်သွင်ပြင်ကအရေးမကြီးပဲ အရည်အချင်းကသာအရေးကြီးတယ်လို့ မှတ်ချက်ပေးကြတဲ့ပရိတ်သတ်တွေရှိနေတာလည်းသူတို့အတွက်တော့အားတက်စရာပါပဲနော်။

Source : KpopStarz
Written : Helra

Share