Categories: Celebrity News

COVID-19 အတွင်း ကျန်းမာရေးလုပ်သားများအတွက် ဒေါ်လာ ၈ သောင်းကျော်တန် Cooling Vests လှူဒါန်းလိုက်တဲ့ IU

COVID-19 ရဲ့ရိုက်ခတ်မှု ဆက်လက်ကြီးထွားလာတာနဲ့အမျှ ကျန်းမာရေးလုပ်သားတွေအတွက် လိုအပ်တဲ့အကာအကွယ်ပစ္စည်းကလည်း တစ်နေ့တခြားတိုးပွားနေပါတယ်။ အလှူအတန်းရင်ရောတဲ့ IU က ကျန်းမားရေးလုပ်သားတွေအတွက်လိုအပ်တာတွေ ထပ်မံလှူဒါန်းလိုက်ပြန်ပါပြီ။

ဒီလအတွင်းမှာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ COVID-19 လူနာတွေတိုးပွားလာတာနဲ့အမျှလိုအပ်တဲ့ပစ္စည်းတွေလည်းများပြားလာပါတယ်။ IU က ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတွေပေးနေတဲ့သူနာပြုဆရာ ဆရာမလေးတွေကိုလိုအပ်တဲ့ပစ္စည်းထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။

Korean Nurses Association ရဲ့ထုတ်ပြန်ချက်အရ IU ကကိုယ်ခန္ဓာအအေးခံဖို့အသုံးပြုတဲ့ Cooling vest အခု ၄၆၀၀ လှူဒါန်းခဲ့ပြီး တန်ဖိုးအရ ဒေါ်လာ ၈၄,၄၁၀ ရှိပါတယ်။ ဒီ Cooling vest တွေဟာ နိုင်ငံအနှံ့အပြားကလိုအပ်နေတဲ့ အစိုးရဆေးရုံက ကျန်းမာရေးလုပ်သားတွေထံ ပို့ဆောင်သွားမှာဖြစ်ပါတယ်တဲ့။

COVID-19 ကာလမှာ IU ရဲ့ထောက်ပံ့မှုက ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဖော်ဖော်ဝါရီလတုန်းကလည်း ဒေါ်လာ ၁၇၀,၀၀၀ နီးပါးတန်ဖိုးရှိတဲ့ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။

Source : Soompi
Written : Helra

Share