Categories: Celebrity News

Joo Ji Hoon, Jung Ji Hyun နဲ့ Kingdom ဒါရိုက်တာတို့ တွေ့ဆုံမယ့် ဇာတ်လမ်းတွဲသစ်

K-drama ချစ်သူတို့ရဲ့ အသည်းကျော်တွေဖြစ်တဲ့ Jun Ji Hyun နဲ့ Joo Ji Hoon တို့ကတော့ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ နှစ်ဦးပိုင်းကာလက Joo Ji Hoon ဟာ Jun Ji Hyun နဲ့အတူ “Mount Jiri” လို့ခေါ်တဲ့ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံထားရတယ်ဆိုတဲ့ သတင်း အများအပြားထွက်ပေါ်ခဲ့ပါတယ်။

ခုဆိုရင် ဒီသတင်းတွေဟာ အမှန်ဖြစ်လာခဲ့ပါပီ။ စက်တင်ဘာလ ၄ ရက်နေ့မှာပဲ ဒီသတင်းကို အတည်ပြုပေးခဲ့တာပါ။ “Mount Jiri” ဇာတ်လမ်းတွဲကိုတော့ “Sign”, “Ghost”, “Three Days” , ” Siganl” စတဲ့ ဇာတ်လမ်းတွဲများကို ရေးသားခဲ့တဲ့ စာရေးဆရာမ Kim Eun Hee မှ ရေးသားသွားမှာပါ။ ဒါရိုက်တာကတော့ “Dream High”, “School 2013”, “Descendants of the Sun”, “Goblin” စတဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Eung Bok မှ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ခုအချိန်မှာတော့ ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီလို့ သိရပြီး စက်တင်ဘာလ လလယ်မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ၂၀၂၁ မှာတော့ ပရိသတ်ရှေ့မှောက် ချပြမယ်လို့ ကြေညာထားပါတယ်။ တကယ့် ဒိတ်ဒိတ်ကြဲတွေချည်း ပုံဖော်သွားမယ့် ဇာတ်လမ်းတွဲဆိုတော့ အေဋင်မြင်မှုတွေ ရရှိမှာ အသေအချာပါပဲ။

Director

Source: Soompi
Written: Gyi Gyi

Share