Categories: Celebrity News

စိတ်မကောင်းစွာပဲ 11 နှစ်မြောက် debut နှစ်ပတ်လည်ကို အဖွဲ့ဝင်မစုံလင်စွာ ဆင်နွှဲခဲ့ရတဲ့ f(x)

Krystal တစ်ယောက်လဲ SM ကထွက်ခွာသွားသလို မတိမ်းပါးခင်ကတည်းက အဖွဲ့ကထွက်ခွာခဲ့တဲ့ Sulli တစ်ယောက်ကလဲ ပြန်မလာနိုင်တော့ပေမယ့် ငါးဦးအနေနဲ့ ပွဲဦးထွက်ခဲ့တဲ့ f(x) အဖွဲ့လေးကတော့ စက်တင်ဘာလ ၅ ရက်နေ့ မှာပဲ ဆယ့်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ဒီလိုအမှတ်တရနေ့မှာ အဖွဲ့ဝင်တွေကလဲ လူမှုကွန်ယက်မှာ ကိုယ်စီဆင်နွှဲခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Victoria ကတော့ သူ့ရဲ့ weibo မှာ f(x) ရဲ့ဆယ့်တစ်နှစ်ပြည့်နဲ့အတူ အရင်နေ့ရက်တွေကို ပြန်ပြောင်းတမ်းတတဲ့အနေနဲ့ ပျော်ရွှင်နေတဲ့အချိန်က ပုံလေးတွေကို ပြန်တင်ပြီး နှစ်ပတ်လည်ကို ဆင်နွှဲနေခဲ့တာပါ။

Amber ကတော့ ၁၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အရင်ကဓာတ်ပုံတွေနဲ့အတူ ‘ပျော်ရွှင်စရာ ၁၁ နှစ်ပြည့်ပါ။ ကျေးဇူးတင်ပါတယ် MeU, ငါတို့ရဲ့ Vic Omma(Victoria), Puppy Sun Young(Luna), ညီလေး Ssul (Sulli) နဲ့ မင်းသမီး Duddeong (Krystal)’ ဆိုတဲ့စာလေးကို tweet ထားခဲ့ပါတယ်။

Luna ကတော့ သူ့ရဲ့ YouTube channel မှာ f(x) အဖွဲ့ရဲ့ ဆယ့်တစ်နှစ်မြောက်အတွက် ကိတ်လေးတစ်လုံးကို သူကိုယ်တိုင်ပြုလုပ်အလှဆင်ပြီး ‘ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ f(x) ရဲ့ Victoria, Amber, Luna, Sulli နဲ့ Krystal တို့အားလုံး ပျော်ရွှင်စရာမွေးနေ့ပါ’ ဆိုတဲ့ ဆုတောင်းစကားလေးနဲ့ နှစ်ပတ်လည်ကို ဆင်နွဲခဲ့ပါတယ်။

Krystal ကတော့ အဖွဲ့ဝင်စုံလင်စဉ်က ထွက်ရှိခဲ့တဲ့ Electric Shock ရဲ့ ပိုစတာကို ရိုးရိုးရှင်းရှင်း 11 ဆိုတဲ့ caption လေးနဲ့ instagram မှာဝေမျှခဲ့ပါသေးတယ်။

၁၁ နှစ်တာ ကာလအတွင်းမှာ အနိမ့်အမြင့် အတက်အကျတွေများစွာ ကြုံတွေ့ခဲ့ရပေမယ့် ခိုင်မာတဲ့သံယောစဉ်တွေနဲ့ အဖွဲ့ဝင်တွေကတော့ ကိုယ်စီအလုပ်တွေမအားလပ်တဲ့ကြားက ဒီအထိမ်းအမှတ်နေ့လေးကို တစ်နေရာစီကနေ ဆင်နွှဲခဲ့ကြတာကိုကြည့်ပြီး ပရိတ်သတ်တွေ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

Source : Soompi
Written : Dar Dar

Share