Categories: Celebrity News

Kim Hee Seon ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ALICE ဇာတ်လမ်းတွဲမှ မင်းသား Joo Won

လတ်တလောမှာတော့ တောင်ကိုရီးယား Sci-fi ဇာတ်လမ်းတွဲဖြစ်တဲ့ Alice ဟာဆိုရင် ကြည့်ရှုသူ ပရိတ်သတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ Budget တော်တော်လေးသုံးထားပြီး ဇာတ်အိမ်ခိုင်ခိုင်နှင့် ရိုက်ကူးထားတဲ့အပြင် ပါဝင်ကြတဲ့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုအပိုင်းကလည်း ပြောစရာမရှိပါဘူး။

သြဂုတ်လ ၂၅ ရက်နေ့မှာတော့ Alice မှာပါဝင်သရုပ်ဆောင်ကြတဲ့ Jo Won နှင့် Kim Hee Seon တို့ဟာ Online သတင်းစာရှင်လင်းပွဲကို တက်ခဲ့ကြပါတယ်။ Jo Won ကတော့ Kim Hee Seon နှင့် Alice မှာအတူတူသရုပ်ဆောင်ရတဲ့ အချိန်ကောင်းတွေကို ပြောပြရင်း မျက်ရည်ကျခဲ့ပါတယ်။

အင်တာဗျူးလုပ်တဲ့အချိန်မှာ သတင်းမီဒီယာတွေက ပရိတ်သတ်တွေအနေနဲ့ ဘာလို့ Alice ဇာတ်လမ်းတွဲကို ကြည့်သင့်တာလဲဆိုပြီး မေးခွန်းမေးခဲ့ပါတယ်။ ထိုမေးခွန်းကိုတော့ Jo Won က ပရိတ်သတ်တွေအနေနဲ့ Alice ကို မင်းသမီး Kim Hee Seon ကြောင့် ကြည့်ကိုကြည့်တယ်ဆိုပြီး ပြတ်ပြတ်သားဖြေခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း မင်းသားက Kim Hee Seon ဟာသရုပ်ဆောင်ပညာမှာ အရမ်းထူးချွန်တဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး စိတ်သဘောထားလည်း ပြည့်ဝလွန်းတဲ့သူပါ။ သူမကြောင့် ဇာတ်လမ်းရိုက်ကူးနေရင်း ကျွန်တော် အများကြီး အံအားသင့်ခဲ့ရတဲ့အဖြစ်တွေ ရှိခဲ့ပါတယ်ဆိုပြီးလည်း ပြောခဲ့ပါတယ်။

Jo Won ကဆက်ပြီးတော့ သူ့ရဲ့စီနီယာ Kim Hee Seon နှင့်ပက်သက်တဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ ” Alice ဇာတ်လမ်းတွဲ နောက်ဆုံးရိုက်ကူးတဲ့နေ့တုန်းက ကျွန်တော်က စီနီယာနှင့် အတူမရိုက်ကူးလိုက်ရပါဘူး။

စီနီယာကို သေချာလေးနှုတ်ဆက်ချင်ပင်မဲ့ နှုတ်ဆက်ခွင့်မရခဲ့ပါဘူး။ အာ့ကြောင့် ကျွန်တော်အိမ်ပြန်တဲ့လမ်းမှာတောင် ငိုခဲ့မိတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ အင်တာဗျူးဖြေနေရင်လည်း “အဲ့အကြောင်း ပြန်တွေးမိတိုင်း စိတ်မကောင်ဘူး” ဆိုပြီး မျက်ရည်ကျခဲ့ပါတယ်။

Jo Won တစ်ယောက်ကတော့ သူကိုဇာတ်လမ်းတွဲ ရိုက်ကူးတုန်းက အများကြီး အကူအညီပေးခဲ့တဲ့ စီနီယာဖြစ်သူ Kim Hee Seon ကို သေချာမနှုတ်ဆက်နိုင်ခဲ့တဲ့ အတွက်အတော်လေး ဝမ်းနည်းနေပုံရပါတယ်။

Alice ဇာတ်လမ်းတွဲမှာဆိုရင်လည်း Jo Won နှင့် Kim Hee Seon တို့ရဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်မှုတွေကို မြင်ရမှာပါ။ ပရိတ်သတ်ကြီးရော Alice ဇာတ်လမ်းတွဲကို သဘောကျရဲ့လား??Comments မှာဆွေးနွေးနိုင်ပါတယ်။

Source: SBS star
Written: Phoo Phoo

Share