Categories: Celebrity News

Flower Of Evil ရဲ့ကျန်ရှိနေတဲ့ အပိုင်းတွေနဲ့ ပတ်သတ်ပြီး မျှော်လင့်ထားရမယ့်အရာ

လတ်တလောမှာ ပရိတ်သတ်အကြိုက်တွေ့ပြီး လူကြည့်များနေတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Flower Of Evil ကတော့ ဇာတ်လမ်းအရရော သရုပ်ဆောင်တစ်ဦးချင်းစီရောဟာ အင်တာနက်ပေါ်မှာ လူပြောအများဆုံးခေါင်းစဉ်တွေ ဖြစ်လို့နေပါတယ်။

ဇာတ်လမ်းရဲ့ခန့်မှန်းရခက်တဲ့ အလှည့်အပြောင်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပြင်းထန်တဲ့ ပီပီပြင်ပြင်သရုပ်ဖော်မှုတွေကလဲ ဇာတ်လမ်းတွဲအောင်မြင်ရခြင်းရဲ့ အကြောင်းပြချက်ပါပဲ။

အခုချိန်မှာ တဖြည်းဖြည်းမြင့်မားလာတဲ့ ဇာတ်ရှိန်နဲ့ ဇာတ်သိမ်းဖို့ နီးကပ်လာပြီဖြစ်တဲ့ Flower Of Evil ရဲ့ ကျန်ရှိတဲ့ အပိုင်း (၅) ပိုင်းနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကြိုတင်မျှော်လင့်ထားရမယ့်အရာတွေနဲ့ ပတ်သတ်လို့ Chief Producer ဖြစ်တဲ့ Yoon Sang Won ကအခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။

“Flower Of Evil ရဲ့ဇာတ်သိမ်းပိုင်းက တဖြည်းဖြည်းနီးကပ်လာပါပြီ။ ကျန်ရှိနေတဲ့ အပိုင်းတွေမှာလဲ ပရိတ်သတ်တွေအတွက် ပိုပြီးခံစားရမယ့် ဝမ်းနည်းစရာဇာတ်ဝင်ခန်းလေးတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ရိုက်ကွင်းပေါ်မှာတော့ အားလုံးကပျော်ပျော်ရွှင်ရွှင်နဲ့တက်တက်ကြွကြွပါပဲ” လို့ ဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ Chief Producer Yoon Sang Won က ဇာတ်လမ်းတွဲက ညဉ့်နက်မှထုတ်လွှင့်ပေမာ့် အံ့မခန်းကြည့်ရှုအားပေးနှစ်သက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အားပေးမှုတွေက သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်အားလုံးအတွက် အင်အားဖြစ်စေကြောင်းလဲ ပြောကြားခဲ့ပါသေးတယ်။

Chief Producer ရဲ့စကားအရတော့ ဇာတ်လမ်းတွဲဟာ ဒီနောက်ပိုင်းမှာ ပိုပြီးဇာတ်ရှိန်မြင့်လာမှာဖြစ်သလို Baek Hee Sung နဲ့ Cha Ji Won တို့ ဇနီးမောင်နှံကြားက စိတ်ထိခိုက်စရာ ဇာတ်ဝင်ခန်းတွေကိုလဲ တွေ့မြင်ရဦးမယ်ဆိုတဲ့ သဘောပါပဲ။ Flower Of Evil ကြည့်ရှုသူတွေရှိရင်လဲ တစ်ရှုးကြိုဆောင်ထားကြဖို့ အကြံပြုလိုပါတယ်နော်။

Source : Soompi
Written : Dar Dar

Share