Categories: Celebrity News

IOK ကုမဏ္ဏီရဲ့ ဒါရိုက်တာအနေနှင့် ပရိတ်သတ်ထံပြန်လာတော့မယ်လို့ သတင်းထွက်နေတဲ့ B.I

iKON အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ B.I ဟာဆိုရင် IOK Company ရဲ့ ရှယ်ယာရှင်စာရင်းမှာ ပါလာတာကိုတွေ့လိုက်ရပါတယ်။ အချို့သတင်းတွေကလည်း B.I ဟာအဆိုပါ ကုမဏ္ဏီရဲ့ နောက်တက်မယ့် Executive Director ဖြစ်နိုင်တယ်လို့လည်း ပြောနေကြပါတယ်။

အခုလာမယ့် စက်တင်ဘာလ ၂၅ရက်နေ့မှာ ကျင်းပမဲ့ ရှယ်ယာရှင်အစည်းအဝေးမှာ ဒါရိုက်တာအသစ်တွေ ခန့်အပ်မှာပဲဖြစ်ပါတယ်။ ထိုရွေးချယ်ခန့်အပ်ခံရမယ့် စာရင်းမှာတော့ B.I ကလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။

B.I ရဲ့သတင်းကို ကြားရပြီး ပရိတ်သတ်တွေဟာဆိုရင် IOK Company ကိုအရမ်းကိုစိတ်ဝင်စားနေကြပါတယ်။ အခုဆိုရင်လည်း ဝင်ကြည့်တဲ့သူဦးရေ များလွန်းတဲ့အတွက် Company ရဲ့ website ဟာဆိုရင် Error တောင်တက်သွားပါတယ်။

IOK Company ဟာဆိုရင် Jo In Sung, Go Hyun Jung, Moon Soo Bin စတဲ့နာမည်ကြီး မင်းသမီးတွေရှိနေတဲ့ အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသတင်းကြောင့်လည်း ပရိတ်သတ်တွေဟာဆိုရင် B.I အတွက် အတော်လေးဝမ်းသာနေကြပါတယ်။

B.I ကိုလည်း အရမ်းလွမ်းနေကြတာဆိုတော့လေ။ အခုတော့သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်တွေ့ရတော့မယ့် အချိန်လည်းရောက်လာခဲ့ပါပြီ။ ပရိတ်သတ်ကြီးလည်း B.I ပြန်လာတော့မှာဖြစ်လို့ အရမ်းဝမ်းသာနေကြလိမ့်မယ်လို့ ထင်မိပါတယ်။

Source: Allkpop
Written: Phoo Phoo

Share