Categories: Celebrity News

Flower Of Evil နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ သဘောအကျဆုံး ဇာတ်ဝင်ခန်း (4) ခန်း

K Drama ပရိတ်သတ်တွေထဲမှာ လက်ရှိပြသနေတဲ့ Flower Of Evil ဇာတ်လမ်းတွဲကို သဘောမကျတဲ့ပရိတ်သတ်တွေတော့ရှိမယ်မထင်ပါဘူးနော်။ မင်းသား Lee Joon Gi နဲ့ မင်းသမီး Moon Chae Won တို့ရဲ့ အပီပြင်အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ တစ်ပိုင်းထက်တစ်ပိုင်း အရှိန်မြင့်လာတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကြောင့် အမြဲရင်ခုန်စွာစောင့်ကြည့်နေရတာပါ။

ဇာတ်လမ်းတွဲထဲကို စီးမြောခံစားမှုပြင်းထန်လာတာနဲ့အမျှ ပရိတ်သတ်တွေမှာ ဇာတ်လမ်း နဲ့ပတ်သတ်လို့ သဘောကျတဲ့အချက်တွေ အားမလိုအားမရတဲ့အချက်တွေရယ် ရှိလာတာလဲ အမှန်ပါပဲ။ Flower Of Evil နဲ့ ပတ်သတ်လို့ ပရိတ်သတ်တွေသဘောအကျဆုံးဇာတ်ဝင်ခန်းတွေကိုတော့ soompi သတင်းဌာနမှာဖော်ပြထားပါတယ်။

၁။ Min Ju ရဲ့ live လွှင့်တဲ့ဇာတ်ဝင်ခန်း

ပရိတ်သတ်တွေအနေနဲ့ Kim Min Ju နဲ့ ပတ်သတ်တဲ့ ခံစားချက်ကတော့ ဒွိဟဖြစ်နေမှာပါပဲ။ အစပိုင်းမှာတော့ အဓိကဇာတ်ဆောင်နဲ့ Hyun Soo (Lee Joon Gi) နဲ့အဆင်မပြေမှုတွေရှိခဲ့ပေမယ့် ဒီဇာတ်ဝင်ခန်းကတော့ ရင်ထဲထိစရာပါပဲ။

ကားပါကင်မှာ တိတ်တဆိတ် အကူအညီတောင်းဖို့ လူမှုကွန်ယက်မှာ live လွှင့်ပြီး ရဲတိုင်ပေးဖို့တောင်းဆိုတဲ့ အခန်းဟာ ရင်တထိတ်ထိတ် အသည်းတအေးအေးနဲ့ ကြည့်ရှုခဲ့ရတာပါ။ ဒီဇာတ်ဝင်ခန်းကြောင့်ပဲ Kim Min Ju နဲ့ ပတ်သတ်တဲ့ အမြင်မကြည်မှုတွေလဲ လျော့ပါးသွားမှာအမှန်ပါပဲ။

၂။ Ji Won နဲ့ Hyun Soo တို့ အပြန်အလှန်ကယ်တင်တဲ့ ဇာတ်ဝင်ခန်း

Hyun Soo တစ်ယောက် Yum Sang Chul ဆီမှာ အရှင်လတ်လတ်မီးလောက်တိုက်သွင်းခံရခါနီးဆဲဆဲ Ji Won (Moon Chae Won) က သေနတ်နဲ့ချိန်ပြီး ကယ်တင်ပေးတဲ့ ဇာတ်ဝင်ခန်းမှာ အားလုံးသက်ပြင်းချမိကြမှာပါ။

ဒါပေမယ့်အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီး Ji Won ကို Yum Sang Chul က လည်ပင်းညှစ်တိုက်ခိုက်အခါမှာတော့ Hyun Soo ကလဲ ပြင်းထန်လာတဲ့ခံစားချက်တွေနဲ့ မရရအောင်ကယ်တင်ခဲ့တဲ့အပိုင်းက တကယ်ကိုကြည်နူးမျက်ရည်လည်စရာပါ။

၃။ Ji Won နဲ့ Hyun Soo တို့ရဲ့ အိမ်အပြန်လမ်း

အချို့သော ဇာတ်ဝင်ခန်းတွေဟာ ဒိုင်ယာလော့ဂ် တစ်လုံးမှမပါဝင်ဘဲနဲ့လဲ စကားတွေအများကြီးပြောနေတာထက် လေးလေးနက်နက်ခံစားရကြောင်း ရုပ်ရှင်အတော်များများမှာ တွေ့ခဲ့ရမှာပါ။

Flower Of Evil မှာလဲ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် ကာကွယ်ပေးခဲ့ပြီး အပြန်လမ်းမှာ နှစ်ဦးလုံးနှုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့နှစ်ဦးရဲ့ ခံစားချက်ကို မျက်ရည်ဝေ့တဲ့ အနမ်လေးတစ်ပွင့်နဲ့ အပီပြင်ဆူုံဖော်ကြူးခဲ့ပါတယ်။ Dialouge မပါဝင်ပေမယ့် Lee Joon Gi နဲ့ Moon Chae Won ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ပရိတ်သတ်တွေပါ အတူမျက်ရည်ကျခဲ့ရတဲ့ ဇာတ်ဝင်ခန်းပါပဲ။

၄။ Hyun Soo ရဲ့ အချစ်တွေကို ဝန်ခံခဲ့တဲ့ဇာတ်ဝင်ခန်း

Hyun Soo တစ်ယောက် သူ့အစ်မနဲ့ ‘Ji Won ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူး’ လို့ ပြောတဲ့စကားကို Ji Won နားနဲ့ဆတ်ဆတ်ကြားမိလိုက်စဉ်က ဘယ်လိုခံစားခဲ့ရသလဲဆိုတာ ကြည့်ရှုသူအားလုံးအသိပါ။

အပိုင်း ၁၁ မှာတော့ သူတို့ဇနီးမောင်နှံနှစ်ဦး စကားစမြည်ပြောနေရင်း Ji Won ဟာ ထိုစကားကို ကြားခဲ့မိကြောင်း ဖွင့်ဟတဲ့အခါ Hyun Soo ရဲ့စီးကျလာတဲ့မျက်ရည်တွေနဲ့ Ji Won ကိုပေးခဲ့တဲ့ အနမ်းဟာ အပြောင်မြောက်ဆုံးသရုပ်ဆောင်ချက်နဲ့ ခံစားသက်ဝင်မှုတွေ ပေါ်လွင်နေလို့ သရုပ်ဆောင်နှစ်ဦးရဲ့ အစွမ်းကို မချီးကျူးဘဲမနေနိုင်ခဲ့တဲ ဇာတ်ဝင်ခန်းပါပဲ။

Source : Koreaboo
Written : Dar Dar

Share